Tuesday, June 11, 2013
ဟောလိဝုဒ်မှတ်တမ်းသစ်နှင့် ဂျက်ကီချန်း
တရုတ်နိုင်ငံရဲ့ နာမည်ကျော် အက်ရှင်မင်းသားဂျက်ကီချမ်းရဲ့ ဘဝမှာတော့ အမှတ်တရတွေ အများကြီးပါပဲ။ ဗြိတိန်ရဲ့ သမိုင်းဝင်ဘွဲ့တံဆိပ်လို့ပြောရမယ့် MBE ဘွဲ့ကိုတောင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟောလိဝုဒ်ကြယ်ပွင့်ကြီးဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ TCL တရုတ်ပြဇာတ်ရုံအရှေ့မှာ နှစ်ကြိမ်တိတိ လက်ဖဝါးရာနှိပ်ရတဲ့ပုဂ္ဂိုလ် ဖြစ်လာခဲ့ ပါတယ်။
Jackie-Chanနာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့် တွေရဲ့ ခြေရာလက်ရာ
တွေကို မှတ်တမ်းတင်ထားတဲ့ အဲဒီနေရာမှာ ဟယ်ရီပေါ်တာမင်းသား ဒင်နီရယ်ရက်ကလစ်၊ အမ်မာဝပ်ဆန် တို့ရဲ့ ခြေဖဝါးရာတွေရှိနေပြီး အမေရိကန်နာမည်ကျော် မင်းသမီးကြီး ဘက်တီဂရေဘယ်လ်ရဲ့ ခြေဖဝါးရာကို လည်း တွေ့နိုင်ပါတယ်။
ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ဝ ကျော်ကို ရိုက်ကူးခဲ့တဲ့ ဂျက်ကီချန်း အနေနဲ့ TCL ပြဇာတ်ရုံအရှေ့မှာ ပြီးခဲ့ တဲ့ ၁၆နှစ်လောက်က လက်ဖဝါးရာနှိပ်ခဲ့ဖူးပေမယ့် သူ့ရဲ့လက်ဖဝါးရာကို ခိုးယူသွားခဲ့သူ ပေါ်လာတာကြောင့် ဒုတိယအကြိမ်မြောက် လက်ဖဝါးရာ နှိပ်ခဲ့ရတာပါ။
ဘာပဲဖြစ်ဖြစ် ဟောလိဝုဒ်သမိုင်း မှာတော့ ဂျက်ကီချန်းဟာ ထူးဆန်းတဲ့ မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားယူတော့မယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ သူ့အတွက် အင်အားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်
Subscribe to:
Post Comments (Atom)
Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ

-
(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်---- (i) သူတပါးပိုင်နက် မကျူးလွန်နဲ့ (သူတပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့) (ii) သူ...
-
မင်္ဂလာပါ ပုံမှန် အသုံးပြုနေတဲ့ မြားကို သုံးရတာ ရိုးသွားပြီး ဆိုတဲ့သူတွေ အတွက်CursorFX_free_Uploaded Version 2.11 ကို ပြန်ရှယ...
No comments:
Post a Comment