Friday, July 5, 2013

Install မလုပ်ဘဲသုံးနိုင်တဲ့ ကောင်းကင်မြေပုံဆော့ဝဲ Google Earth Pro v7.1.1.1871 Portable for Windows XP/7/8


ကွန်ပျူတာတွေမှာအသုံးပြုဖို့အတွက် တစ်ကမ္ဘာလုံးက နိုင်ငံတိုင်း နေရာတိုင်းကို အိမ်တစ်လုံးချင်းကအစအသေးစိတ်ကြည့်ရှုနိုင်တဲ့ ကောင်းကင်မြေပုံ Satellite ဆော့ဝဲဖြစ်တဲ့ Google Earth Pro v7.1.1.1871 ကိုတင်ပေးလိုက်ပါတယ်။ ကောင်းကင်မြေပုံ View နဲ့ကြည့်ရှုနိင်သလို ၊ ရိုးရိုးမြေပုံအနေအထားနဲ့လည်းကြည့်ရှုနိုင်ပါတယ်။ အခုတင်ပေးလိုက်တာက Portable version လေးဖြစ်တာကြောင့် Install လုပ်စရာမလိုဘဲ အသုံးပြုနိုင်ပြီး Memory Stick ထဲမှာထည့်သွင်းယူဆောင်အသုံးပြုနိင်ပါတယ်။ Windows XP/ Windows 7 / Windows 8 စတဲ့ OS အားလုံးမှာအသုံးပြုနိုင်ပါတယ်။ Google Earth Pro v7.1.1.1871 Portable for Windows XP/7/8 ကိုအောက်က link မှာရယူပါ။
                                                      
                                                            Download here
                                                   

မြ၀တီရုပ်မြင်သံကြား Channel အား ကွန်ပျူတာမှကြည့်ရှုနည်း


ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။


အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

www.videolan.org/vlc/download-windows.html

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။

မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။

အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။

ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။





Ref & Credit: မြ၀တီ 

Tuesday, July 2, 2013

Root Tool အသစ်လေးတစ်ခု




Root လုပ်ချင်တဲ့ သူငယ်ချင်းများ စမ်းသပ်စရာ root toolလေး တစ်ခုပါ။ Chinese Version လေးဖြစ်ပါတယ်။

အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။

Download Here   http://adf.ly/RQDuJ

မဖြစ်နိုင်လောက်အောင်ချုံ့ထားသောMicrosoft Office 2007 (2.34MB)


 တကယ်ပါ သူ့ကိုဖြည်လိုက်မယ်ဆိုရင် office 2007 ထွက်လာပါတယ် ခုဖြည်ပုံဖြည်နည်းလေးရှင်းပြပါမယ် ဒေါင်းထားတဲ့ ဖိုင် ကိုဖွင့်ပြီးတော့ အဲ့ထဲက KGB Archiver ကို install လုပ်ပေးပါ ပြီးရင် Microsoft Office 2007 .kgb ဆိုတဲ့ ဖိုင်ကို ကော်ပီကူးပြီး folder တစ်ခုခုမှာထားပါ နောက်ဆုံးအဆင့် ကတော့ အဲ့ဖိုင်ကို KGB နဲ့ဖွင့်လိုက်ပါ

မရှိသေရင်ဒီမှာယူပါ

ဖွင့်ပြီပြီဆိုရင် ဖြည်ပြီတောသာ Insall လုပ်လိုက်ပါ ရပါပြီ


လိုချင်တယ်ဆိုရင်အောက်မှာသွားဒေါင်းနိုင်ပါတယ်ခင်ဗျာ................

Monday, July 1, 2013

ဂျူးလူမျိုးတို့ရဲ့ ခံယူချက်




(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်----

(i) သူတပါးပိုင်နက် မကျူးလွန်နဲ့ (သူတပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့)
(ii) သူတစ်ပါးစကား ကြားမဖြတ်နဲ့၊
(iii) အောင်မြင်မှုရဖို့ ဆန္ဒမစောနဲ့၊
(iv) မေးမြန်းတဲ့ မေးခွန်းမှာ ဦးတည်ချက် ပါပါစေ၊
(v) ဖြေတဲ့အဖြေက အခြေအနေနဲ့ ကိုက်ညီပါစေ၊
(vi) ပြောတဲ့စကားမှာ အစ အဆုံး ရှိပါစေ၊
(vii) အမှန်တရားကို အခြေခံထားပါ။

(၂) လူတွေမှာပါတဲ့ မျက်လုံးနှစ်လုံးက တန်းတူညီမျှတယ်။ ဒါပေမဲ့ လူတွေကိုကြည့်
တဲ့ အကြည့်က မျှတမှုမရှိဘူး။ လူတွေမှာပါတဲ့ နားတစ်စုံက ဘယ်ညာနှစ်ဖက်မှာခွဲ
ထားတယ်။ ဒါပေမဲ့ တဖက်ကိုပဲ အာရုံစိုက်နားထောင်တတ်တယ်။ လူတွေမှာ ပါးစပ်
တပေါက်ပဲပါတယ်။ ဒါပေမဲ့ စကားနှစ်မျိုး လှည့်ပြောတတ်တယ်။

(၃) မေတ္တာစိတ် ပေးကမ်းနိုင်သူဟာ အသိပညာရှိသူ၊
ဦးနှောက်ခြောက်စရာတွေကို ချေဖျက်နိုင်သူက ဉာဏ်ရည်ဉာဏ်စွမ်းရှိသူ၊

စိတ်ကူးအိပ်မက် ရှိတာက အသိဉာဏ်တဲ့၊ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်
ဖော်နိုင်တာက အရည်အချင်းဖြစ်တယ်။

(၄) ငွေကြေးကို ဆုံးရှုံးတာက နည်းတဲ့ဆုံးရှုံးမှု
ကျန်းမာရေးကို ဆုံးရှုံးတာက များတဲ့ဆုံးရှုံးမှု
ရဲစွမ်းသတ္တိကို ဆုံးရှုံးတာက အရာအားလုံးကို ဆုံးရှုံးသတဲ့။

(၅) အိမ်ကထွက်တဲ့အခါ လမ်းဖြောင့်ကိုလျှောက်ပါ၊
ပါးစပ်ကထွက်တဲ့စကား နားဝင်ချိုပါစေ၊
လက်ကထွက်တဲ့အလုပ် အကျိုးရှိပါစေ၊

(၆) မျက်နှာကို လှအောင် လိမ်းခြယ်တာက တတိယတန်းစား လိမ်းခြယ်မှု၊
စိတ်ဓာတ်ကို လှအောင် လိမ်းခြယ်တာက ဒုတိယတန်းစား လိမ်းခြယ်မှု၊
ဘဝကို လှအောင် လိမ်းခြယ်တာက ပထမတန်းစား လိမ်းခြယ်မှု။

(၇) ကျွန်တော်တို့ မလှပလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျန်းမာတယ်။
ကျွန်တော်တို့ မကြီးမြတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂုဏ်သိက္ခာရှိတယ်။
ကျွန်တော်တို့ မပြည့်စုံလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားတယ်။
ကျွန်တော်တို့ ထာဝရမတည်မြဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားတယ်။

(၈) သာမန်လူတွေက မျက်လုံးနှစ်လုံးဖွင့်ပြီး လောကကြီးကိုကြည့်တယ်။ အမြဲ
အကြည့်မှားတယ်။

ထူးကဲတဲ့ လူတွေက မျက်လုံးတစ်ဖက်ဖွင့်၊ တစ်ဖက်ပိတ်နဲ့ လောကကြီးကိုကြည့်
တယ်။ အရိပ်အကဲကို ရှင်းရှင်းလင်းလင်းမြင်တယ်။

ပိုထူးကဲလွန်တဲ့လူတွေက မျက်လုံးနှစ်လုံးပိတ်ပြီး စိတ်နဲ့ လောကကြီးကိုကြည့်တယ်။ အားလုံးကို အောင်မြင်လွှမ်းမိုးတယ်။

(၉) စကားပြောနည်း လိုအပ်ချက်---
(၁) ပြောသင့်ချိန်မှာပြောတာ --- အဆင့်အတန်းရှိတယ်
(၂) မပြောသင့်ချိန်မှာ မပြောတာ ---- ထက်မြက်တယ်
(၃) ဘယ်အချိန်မှာပြောသင့်/မပြောသင့်တာကိုသိတာ အသိဉာဏ်ရှိတယ်။

(၁ဝ) သင့်မှာ ဒေါသထွက်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူရဲ့ဂုဏ်သိက္ခာကို မနင်း
ချေနဲ့။
သင့်မှာ ဆုံးရှုံးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမမဲ့စေနဲ့။
သင့်မှာ အောင်မြင်မှုကို ရယူနိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ တခြားလူ နစ်နာခံရတဲ့ အောင်မြင်
မှုမျိုးမဖြစ်စေနဲ့။
သင့်မှာ အငြင်းပွားခွင့်ရှိတယ်။ ဒါပေမဲ့ လက်စားချေ တုန့်ပြန်မှုမျိုး မဖြစ်စေနဲ့။
သင့်မှာ လှပကောင်းမွန်တဲ့ ဘဝရှိခွင့် ရှိတယ်။ ဒါပေမဲ့ လိမ်ညာလှည့်ဖြားပြီး ရလာ တဲ့ ပျော်ရွှင်မှုမျိုးမဖြစ်စေနဲ့။

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ