Saturday, June 22, 2013

Hard Disk ကို Driver Don’t Search လုပ်ထားခြင်း

ထိုသို့လုပ်ထားခြင်းဖြင့် ကျွန်တော်တို့တွေ Computer မှာသုံးနေတဲ့ Hard Disk ကို မည်သည့်ကွန်ပျူတာ မှာ မ ဆို တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ် ပါ တယ်။ဒါပေမယ့် တစ်ခုတော့ ချွတ်ယွင်းချက်ရှိပါတယ်။ Chipset ပြဿနာပါ။ အဲဒါကတော့ ကျွန်တော်တို့တွေ Driver Don’tSearch လုပ်ထားတဲ့ Computer က Chip set က Intel Chip Set ဆိုရင် Nvidia Chip Set ဖြင့်အလုပ်လုပ်တဲ့ Board မှာတော့ Support မလုပ်နိုင်ပါဘူး။ ဒါပေ မယ့် Nvidia Chip 
Set အလုပ်လုပ်တဲ့ Board မှာ Driver Don’t Serach လုပ်ထားရင်တော့ ကြိုက်တဲ့ Computer တပ်လိုက်ပါ။ သူ့ဘာ ၀င်း ဒိုးတက်သွားပါလိမ့်မယ်။လုပ်ဆောင်ပုံအဆင့်ဆင့်ကတော့.
ပထမဦးဆုံး ကျွန်တော်တို့ တွေ Run ထဲမှာ devmgmt.msc ဆိုပြီး ရိုက်လိုက်ပါ။




ပီးရင်တော့အောက်ဖော်ပြပါပုံအတိုင်းအနီရောင်လေးထောင်ကွက်လေးထဲက ဟာတွေကို
ကျွန်တော်တို့က Driver Don’t Search လုပ်မှာဖြစ်ပါတယ်။




ဆိုတော့က အပေါ်ကပုံထဲမှာက အနော်က လုပ်ထားပီးသားဖြစ်နေလို့ပါ။ ဒါပေမယ့် သင်တို့စက်မှာ
တော့ အဲဒီလိုပေါ်နေမှာမဟုတ်ပါဘူး… သင်တို့စက်မှာကတော့ HDD ရဲ့ Product Name တွေနဲ့ S/N တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီတော့ အနော်တို့က တစ်ခုချင်းစီကို စလုပ်မှာဖြစ်ပါတယ်….




အဲတော့ ကျွန်တော်တို့က ပထမဦးဆုံး HD Drive Module တစ်ခုကို RC နှိပ်ပီး Update Driver Software ဆိုတာကိုနှိပ်လိုက်ပါမယ် ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။



ထို့နောက်မှာတော့ Browse my Computer for dirver software ဆိုတာကိုနှိပ်ပေးလိုက်ပါ။



အထက်ပါပုံမှ Let me pick from a list of device drivers on my computer ဆိုတာကိုနှိပ်လိုက်ပါ



၎င်း Disk Drive ဆိုတာလေးကိုရွေးပီး Next နှိပ်ပေးရမှာဖြစ်ပါတယ်။ Window XP မှာဆိုရင်တော့ ဒါဟာ Standard Driver ပေါ့ဗျာ…..



ဒါကတော့ လက်ရှိ Branded Driver ကို Standard Driver အဖြစ် ပြောင်းလည်းနေတဲ့အပိုင်းဖြစ်ပါ တယ်။ပီးသွားရင်တော့အောက်ပါပုံအတိုင်းပေါ်လာရင်တော့



Close ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် HDD Driver Module တစ်ခုကို Standard အဖြစ်ပြောင်းပီး သွားပီဖြစ်ပါတယ်။
ထို့နောက်မှာ တော့ ကျန်တဲ့ Hdd Driver Module တွေကိုလည်း အလားတူ Process အတိုင်းအကုန် လုံးကို Standard အဖြစ်ပြောင်းလဲပေးရမှာဖြစ်ပါတယ်.. ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သင့် ကွန်ပျူတာအတွင်းမှ HDD ကို အချိန်မရွေး အမျိုးအစားမတူတဲ့ MB တွေမှာ သွားရောက်တပ်ဆင် အသုံးပြုနိုင်ပါတယ်။

DVD ခွေ အလွယ်တကူဖန်တီးကြမယ်



Joboshare DVD Creator 3.4.9.0617 | 16 MB WITH KEYGEN

DVD ခွေ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအတွက် ဆော့ဝဲကောင်းလေးကို

ပြန်လည်မျှဝေလိုက်ပါတယ်။အစကတော့ လုပ်ပြမို့ ဒီကောင်လေး ကို

မအားတာနဲ့ ဆော့ဝဲ ကိုအရင်တင်လိုက်တယ် ပြီးတော့မှပဲ လုပ်နည်းလေးတွေရေးတော့မယ်

MENU တွေ စာတန်းထိုးတာတွေ ကို ဒီကောင်လေးနဲ့ လုပ်လို့ရတယ်ဗျ


အောက်မှာသူ့အကြောင်း ရေးထားတာလေးရှိတယ် လုပ်ချင်တယ် ဆို ဖတ်ပြီးတော့

လုပ်ကြည့်ပါ Keygen လေးနဲ့နော်



                                             MEDIAFIRE | ZIPPYSHARE | SHAREBEAST | BOX 

Windows ElmasryXp 2013 Full Version ISO Single Link 647 MB



Windows Xp ကို အလန်းဇယား Style အသစ်နဲ့အသုံးပြုချင်ပါတယ်ဆိုတဲ့သူများအတွက် Windows ElmasryXp2013တင်ပေးလိုက်ပါတယ်..Themes,IconFunctionအချို့ဟာလည်း တော်တော်လန်းပါတယ်..လှလဲလှပါတယ်
စမ်းသုံးချင်သူများ Download ရယူနိုင်ကြပါပြီခင်မျာ
                                                                  

                                                                       



WinRarPasswords: daoud
Download Now ဆိုတဲ့ခလုပ်အစိမ်း အသေးလေးကိုနှိပ်ရမှာနော်..အပြားအစိမ်းကြီးမဟုတ်ပါဘူး :)
Tusfiles ကနေဒေါင်းမယ်ဆိုရင် အရင်ဆုံး Download with TusFiles accelerator and get recommended offers. ဆိုတဲ့စာတန်းရှေ့က အမှန်ခြစ်ကို အရင်ဖြုတ်ပြီးမှ ဒေါင်းပါ။
Free Download Windows ElmasryXp 2013 Full Version ISO Single Link
Speech Version designer Mr. / Egyptian Essam
Based on the SP3 version
And also activated automatically
It was added in Internet Explorer 8
And by some version aesthetic programs
Nm add Sky driver definitions
Was also add another updates Maikarofst for Windows.
Screen Shots:
Windows ElmasryXp 20139 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link
Windows ElmasryXp 201311 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link

Windows ElmasryXp 20132 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link  Windows ElmasryXp 20134 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link
Windows ElmasryXp 20135 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link Windows ElmasryXp 20137 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link
Windows ElmasryXp 20138 300x225 Free Download Windows ElmasryXp 2013 Full Version ISO Single Link
What has been deleted: -
- =============
- Languages ??has been deleted unwanted
- Tour has been removed
- Remove the old backgrounds and sounds
- Delete definitions printer and scanner
- The definition has been deleted ISDN
What has been affixed: -
============
- Added Net Framework 2.0
- Added a new high-tech backgrounds
- The new theme
- Added Screen Saver
- Added all SATA definitions for all devices
- Added the definitions Lan
- New indicators were added was the work list
- Added Extras Control Panel
- The new 3 Games
- Added new icons
- Added an antivirus program ÇáÝáÇÔÇE
- L Clock program to add the beautiful appearance of the Hours
- Added Rockt Dock program for a stylish look for the desktop
- PowerMenu was added to Windows in the Windows Control
- Added 60 user pictures
- Added Themes beautiful Oanrar and Yahoo
Added programs: -
============
System: -
=========
- Winrar
- FastStone Image Viewer
- Ultra Iso
- C Cleaner
- Foxit Reader
==============
Internet: -
===========
- Google Chrome
- Mozilla firefox
- Internet download manager
- Yahoo Messenger
===============
Multimedia: -
=============
- Flash Player
- QQPlayer
- AIMP Player

Network ကနေ အခြား စက်ဟန်းအောင်လုပ်နည်း


  
အခုပြောပေးတဲ့ နည်းပညာကတော့ နည်းပညာတစ်ခုပဲ မှတ်ယူလေ့လာပါ ပေါက်ပေါက်ရှာရှာတော့ သူများသွားမလုပ်ပါနဲ့ ကိုယ်ချင်းစာပါ လို့ပဲပြောချင်ပါတယ်
 ကဲ စလိုက်ရအောင်
ပထမဆုံး
Window + R နဲ့ Run ကို အရင်ခေါ်လိုက်ပါ နောက် cmd လို့ ရိုက်လိုက်ရင် command box ကျလာလိမ့်မယ် အဲဒီမှာ ping xxx.xxx.xxx.xxx -t -l 65500 လို့ရိုက်ထည့်လိုက်ပါ xxx ဆိုတာကတော့ဥပမာ ပေးထားတာ ကိုယ်ပြုလုပ်ချင်တဲ့ စက်ရဲ့ IP Address ကို အဲနေရာမှာ ထည့်ရပါမယ် အဲဒီလိုping ကြည့်ပြီးရင်ဟိုဖက်က Window Firewall ခံမထားဘူးဆိုရင် Replay ပြန်လာလိမ့်မယ် ဒီcommand box ကို မပိတ်ဘဲနဲ့ ဖွင့်ထားလိုက်ပါ ၁၀မိနစ်ခန့်လောက်ကြာရင်မိမိ ပြုလုပ်ထားတဲ့ တခြား စက် က ဟန်းရင်ဟန်း မဟန်းရင် ဘာမှ လုပ်လို့မရတော့လောက်အောင် လေးလံသွားတာ တွေ့ရလိမ့်မယ် ကိုယ့်စက်နှစ်လုံးနဲ့ စမ်းနော် စမ်းချင် သူများတော့ သွားမစမ်းနဲ့ ကောင်မလေး ငိုနေတာ မြင်လား

Virus 15000 လောက်ကိုသတ်ပေးနိုင်တဲ့ Multiple Virus CLeaner 2003 v13.1.0 Portable

ကဲဗျာ ခေါင်းစဉ်ကိုမြင်လိုက်ကတည်းကတော့ စိတ်ဝင်စားသွားကြမယ့် Antivirus မျိုးလေးတင်ပေးလိုက်ပါ တယ်ဗျာ။ ဒီ Multiple Virus CLeaner 2003 v13.1.0 ထွက်တာကတော့ Feb-24-2013 ကတည်းကထွက်တာ ပါဗျာ။ ဒီကောင်လေးက ကွန်ပြူတာမှာ ပြသာနာအရှာဆုံးဖြစ်တဲ့ Trojan , Malware , Spysare , Worm , Autorun , အခြားသော Antivirus ပေါင်း 15000 ကျော်ကို ကောင်းကောင်းကြီး ရှင်းလင်းပေးနိုင်ပါတယ်။ File Size ကလည်း သေးသေးလေးဗျာ။ အခြား Antivirus တွေနဲ့လည်း တွဲဖက်ပြီး Install လုပ်ထားနိုင်ပါတယ်ဗျာ။ အားလုံးသဘောကျမယ့် Portable Version ကိုတင်ပေးထားတာဖြစ်လို့ Double Click နှိပ်ပြီးအသုံးပြုရုံပါဘဲ ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

 

Sony Xperia ဖုန်းများတွင် External Memory ကို Internal Memory အဖြစ်အသုံးပြုနည်း




ပို့စ်ရေးသားသူ- Hein Thu (Myanmar Mobile Users Group) Sony ဖုန်းတွေမှာ Internel Memory နည်းတဲ့ ပြဿာနာကို ဖြေရှင်းနည်းလေးပါ။ ကျွန်တော်ကိုယ်တိုင်စမ်းထားတာပါ။ လုပ်နည်းကိုတော့ အောက်မှာဆက်လက်ဖတ်ရှုရအောင်။
ဖုန်းရဲ့ SD Card ကို Internal Memory Storage အဖြစ်အသုံးပြုဖို့အတွက် မိမိဖုန်းဟာ Root လုပ်ထားပြီးဖြစ်ရပါမယ်။
Root Explorer ရှိရပါမယ်။ Root Explorer ဆော့ဝဲမရှိသေးရင် အောက်က link မှာ download လုပ်ပြီး ဖုန်းထဲမှာ install လုပ်ထားပါ။
Root Explorer v3.0 for Android အားရယူရန်
ကဲစ မယ်နော်..
အရင်းဆုံး Root Explorer ကိုဖွင့်ပါ
Root explorer ထဲက system /etc ဖိုင်ထဲကိုဝင်ပေးပါ
etc ဖိုင်ထဲက vold.fstab ဖိုင်လေးကိုရှာပါ(အရင်းဆုံး Backup) လုပ်ထားပါ သတိသည် ပိုသည်လိုသည်မရှီိ……………………..
vold.fstab ဖိုင်ကိုတွေ့ပြီဆိုရင် Open with Edit Text သို့မဟုတ် Notepad နဲ့ဖွင့်လိုက်ပါ
ဟိုအောက်ဆုံးမှာ..အောက်ပါစာကြောင်းတွေကိုတွေ့ရပါလိမ့်မယ်..
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *[
dev_mount ext_card /mnt/ext_card auto /devices/platform/msm_sdcc.1/mmc_host
dev_mount sdcard /mnt/sdcard 16 /devices/platform/msm_sdcc.3/mmc_host/mmc0
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *]
Devices တစ်လုံးနဲ့တစ်လုံးမတူကြပါဘူး.စာသားချင်း..အဲ့တော့ အောက်ဆုံးအပိုက်လို့မှတ်ထားပေးပါ # နဲ့စတဲ့စာပိုက်လို့မှတ်ထားပေးလိုက်ပါ..ဒါအလွယ်ဆုံးပြောပြတာပါ..
ကဲပြောင်းကြရအောင်
ပြောင်းလဲပြုပြင်ထားသောအပိုက် (မှတ်ချက်..ဘယ်နေရာပြောင်းလဲသွားတယ်ဆိုတာသေချာကြည့်ပေးပါ)
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *[
dev_mount ext_card /mnt/sdcard auto /devices/platform/msm_sdcc.1/mmc_host
dev_mount sdcard /mnt/ext_card 16 /devices/platform/msm_sdcc.3/mmc_host/mmc0
#MTD-BSP-LC-uSD_and_eMMC_coexistence-00 *]
ပြောင်းလဲသွားသောစာသားမှာ ext_sdcard နေရာမှာ sdcard auto လို့ပြောင်းလဲသွားတာပါ။
sdcard 16 နေရာမှာ ext_sdcard 16 ဆိုပြီးပြောင်းလဲသွားတာပါ။
အဲ့လိုပြောင်လဲသွားပြီးပြီဆိုရင်တော့ save မှတ်လိုက်ပါ
အရေးကြီးတာတစ်ခုလုပ်ရပါအုံးမယ် permissions ပေးရပါလိမ့်မယ် အဲ့ဒီ save မှတ်ထားတဲ့ Vold.fstab ဖိုင်လေးကိုဖိထားလိုက်ပါ permissions ဆိုတာလေးကိုရွေးပေးလိုက်ပါ အဲဒီမှာ အကုန်သာအမှန်ခြစ်ပေးလိုက်ပါ 0K ရွေးပေးလိုက်ပါ.
ကဲ့..ပြီးသွားပြီ ဆိုရင်တော့
ဖုန်းကို Reboot ချလိုက်ပါ ပြန်တက်လာပြီးဆိုရင်တော့..မိမိတို့ဖုန်းလေးဟာ ဖုန်းမှာပါတဲ့ မန်မိုရီဟာ externel အဖြစ်ပြောင်းသွားပြီး..Externel မန်မိုရီလေးဟာ Internel မန်မိရီအဖြစ်ပြောင်းလဲပိုင်ဆိုင်သွားပါပြီ..
ပြန်ချိန်းချင်တယ်ဆို ကျနော်..ပြောတဲ့နေရာလေးတွေမှာ.
ပြောင်းပြန်
ပြန်ပြောင်းပေးလိုက်ရင်ရပါပြီ

နောက်ဆို ကျွန်တော် သေချာပါ့မယ်









      







“ဒီနေ့ဖေဖေ့အတွက် အလုပ်ကလေးတစ်ခု လုပ်ပေးစမ်းပါ” ဟု အိမ်ထဲသို့ ပြေးဝင်လာသော ရဲရင့်အား သူ့ဖခင်က ခရီးရောက်မဆိုက် ဆီး၍ ပြောဆိုလိုက်သည်။
“အလုပ်ကလေးတစ်ခု.. ဟုတ်လား.. ခုပဲ ကျွန်တော်ကျောင်းက ပြန်ရောက်ကာစ ရှိသေးတယ်.. ဖေဖေက ဆီးခိုင်းနေပြန်ပြီ” ဟု ရဲရင့်က စောဒက တက်လေသည်။
“အို.. ဟုတ်တာပေါ့၊ မင်းခေတ္တအနားယူပြီး စားစရာရှိတာလေးစားပါကွာ.. ပြီးရင်တော့ ဖေဖေအရေးတစ်ကြီး ပြုလုပ်စေချင်တဲ့ အလုပ်ကလေးကိုသာ လုပ်ပေးစမ်းပါ”
“အရေးတကြီးဆိုတော့ ဘာအလုပ်မို့လဲ ဖေဖေရဲ့” ဟု သတိကြီးစွာနှင့် မေးမြန်းလေသည်။
“ဘာအလုပ်လဲဆိုတာ သိရမှာပေါ့.. ခြံထဲက သစ်ပင်တွေရဲ့ သစ်ကိုင်းတွေကို ဖေဖေခုတ်ချထားတာလေးတွေ သစ်ပင်အောက်တွေမှာ ရှိတယ်.. အစိုတွေရော.. အခြောက်တွေရောပဲ သားရေ.. အဲ့ဒါတွေကို သားက ဟိုးခြံနောက်ဖက် လွတ်နေတဲ့ မြေကွက်လပ်ကလေးမှာ အားလုံးစုပုံထားပေးရမယ်.. ဒါတွေကို အားလုံးမီးရှို့ပစ်ရမယ်လေ.. နို့မဟုတ်ရင် ပုပ်စော်နံနေလိမ့်မယ်”
“လတ်စသတ်တော့ ဖေဖေက ကျွန်တော့ကို အမှိုက်ပုံတဲ့ အလုပ်ပေးတာကိုး” ဟု ရဲရင့်က ဖခင်ကို ငေါ့တော့တော့ လှမ်းဆိုလေသည်။
“အေး.. ပြောတဲ့အတိုင်းပါပဲ သားရေ.. သားကသာ သစ်ကိုင်းတွေကို စုပုံထားပေး.. ဖေဖေ့ဘာသာ မီးရှို့ပစ်မှာပါကွာ”
“ဘာဖြစ်ဖြစ် သက်သာတဲ့အလုပ်တော့မဟုတ်ဘူး” ဟု မဲ့ကာရွဲ့ကာဖြင့် ရဲရင့်က ပြန်ပြောလေသည်။
“သားကို အလကားခိုင်းမှာ မဟုတ်ပါဘူးကွာ.. ဖေဖေက သားကိုပိုက်ဆံပေးပါ့မယ်။ ဒီအလုပ်က အခုအပြီးလုပ်ရမယ့် အထူးအလုပ်ဖြစ်လို့ တစ်ခြားလူအနေနဲ့ သားကို လုပ်ခပေးရမှာပဲ။ ဒီအလုပ်အတွက် ဖေဖေက သားကို ငွေသုံးထောင်ပေးမယ်။ ကျေနပ်တယ် မဟုတ်လား” ဟုတ်ခပ်ပြုံးပြုံးနှင့် ပြောလေသည်။
“သုံးထောင်.. ဒါဆို ကျွန်တော်ကျေနပ်ပါတယ် ဖေဖေ။ ဘယ်တော့အလုပ်စရမလဲ.. ပိုက်ဆံကော ဘယ်တော့ပေးမှာလဲ”
“သားအခုအဆင်ပြေရင် စလုပ်လို့ရပြီလေ.. လုပ်ခကတော့ သားအလုပ်ပြီးတဲ့အခါကျရင် ပေးမှာပေါ့။ အလုပ်ပြီးတဲ့အခါသာ ပြီးကြောင်း ဖေဖေ့ကို လာပြော.. ငွေတစ်ခါတည်းရစေရမယ်။ ဒါပေမယ့် သားသတိပြုရမှာက အလုပ်ဟာ ဖြစ်ကတတ်ဆန်းမဟုတ်ပဲ သေသပ်နေရမယ်။ မင်းနားလည်တယ်မဟုတ်လား”
ရဲရင့်သည် သူ့ဖခင်၏ အလိုကို သိရှိပေသည်။ ငွေသုံးထောင်ကို လိုချင်အားကြီးသောကြောင့် ရှေ့သို့ဆက်လက်နားမထောင်တော့ပဲ ခြံထဲသို့ပြေးသွားလေသည်။ တကယ်တမ်း အလုပ်မှာ သူထင်သလို မဟုတ်ဘဲ ပင်ပန်းသောအလုပ်ဖြစ်လေသည်။ ခဏလုပ်ပြီးတာနှင့်ပင် သူ့ခါးက နာကျင်လာလေသည်။ ထို့ကြောင့် သစ်ကိုင်းကြီးများကိုသာ ကောက်၍ သစ်ကိုင်းအငယ်များကို ချန်လှပ်ထားခဲ့ရန် သူစိတ်ကူးရလေသည်။ ထိုသို့သစ်ကိုင်းကြီးများသာကောက်၍ စုပုံသောကြောင့် များမကြာမီ သူ့အလုပ်ပြီးစီးသွားပြီးလျှင အိမ်ထဲသို့ပြန်ဝင်လာကာ သူ့ဖခင်နှင့် တစ်ဖန်စကားပြန်ပြောလေသည်။
“ကျွန်တော်အလုပ်ပြီးခဲ့ပြီ ဖေဖေ”
“ပြီးပြီ.. မြန်လှချည်လား” ဟု သူ့ဖခင်က အံ့သြကြီးစွာ ပြောလေသည်။
“ဟုတ်ပါတယ်ဖေဖေ.. ကျွန်တော်မနားမနေ ကြိုးစားလုပ်ခဲ့တာကြောင့် စောစောပဲပြီးသွားပါတယ်။ ဖေဖေမီးရှို့ဖို့ပဲ လိုတော့တယ်။ ဖေဖေပြောတဲ့အတိုင်း လုပ်ခ သုံးထောင်ကိုသာ ကျွန်တော့ကို ပေးပါတော့”
“ကဲ၊ ဒါဖြင့် ရော့ ဒီမှာ သုံးထောင်။ သား ဖေဖေ့ကို ကူညီတဲ့အတွက် ၀မ်းသာပါတယ်။ ဖေဖေကိုယ်တိုင်လုပ်ရမှာ အားကို မအားနိုင်လို့ပါကွာ”
ရဲရင့်သည် ငွေကို အားရ၀မ်းသာစွာယူ၍ “ကျေးဇူးတင်ပါတယ်..ဖေဖေ” ဟုပြောဆိုပြီး တံခါးပေါက်သို့ ပြေးသွားလေသည်။
အိမ်ပြင်သို့မရောက်မီ သူ့ဖခင်က “ဒါနဲ့.. ရဲရင့်.. နေဦး.. သား။ ဒီငွေသုံးထောင်ဟာ မင်းအလုပ်တွေသေချာမှ မင်းရမယ်ဆိုတာ နားလည်တယ်မဟုတ်လား”
“နားလည်ပါတယ် ဖေဖေ”
“အကယ်၍ မင်းအလုပ်ဟာ မကောင်းရင်.. သေချာပြီးစီးမှုမရှိရင်.. အဲ့ဒီငွေ ဖေဖေ့ကို ပြန်ပေးရမယ်”
“ကောင်းပါပြီ၊ ဖေဖေ” ဟုပြောရင်း စိတ်မလုံစွာဖြင့် အိမ်ပြင်သို့ ပြေးထွက်သွားလေတော့သည်။ တကယ်တမ်းသာ သူသည် အလုပ်ကို ဖခင်ဖြစ်စေချင်သလို အသေအချာလုပ်ကိုင်ခဲ့ပါမူ ယခုလောက်မြန်ဆန်စွာ ပြီးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
မကြာမီ သူ၏ဖခင်သည် သူကိုယ်တိုင်ခြံထဲသို့ဆင်း၍ ကြည့်ရှုန်ရန် ဆုံးဖြတ်လေသည်။ ထိုဆုံးဖြတ်သည့်အတိုင်း သွားကြည့်ရာ သူစိတ်ပူမိသည့်အတိုင်းပင်တွေ့မြင်လေသည်။ အမှန်တကယ်ရဲရင့်သည် ကောက်ရလွယ်သော သစ်ကိုင်းကြီးများကိုသာ ကောက်၍ပုံထားပြီး သစ်ကိုင်းငယ်များကိုကား ချန်လှပ်ထားခဲ့လေသည်။ ၄င်းတို့မှာ ရှိရင်းအတိုင်း ပြန့်ကျဲနေ၏။
“ရဲရင့်.. ရဲရင့်၊ ခဏလာဦးဟေ့” ဟု ဖခင်က ခပ်ကျယ်ကျယ်အော်ဟစ်လှမ်းခေါ်လိုက်လေသည်။
ခက်ဖွယ်ရယ်ကြုံပြီဟု စဉ်းစားမိသော ရဲရင့်သည် အိမ်နောက်ဘက်မှ ဆင်း၍ လာလေတော့သည်။
“ဘာလဲဖေဖေ.. ဘာဖြစ်လို့လဲ” ဟု မလုံလဲစွာ မေးလေသည်။
“ဖြစ်စရာတွေကတော့ တစ်ပုံကြီးပေါ့။ သစ်ကိုင်းချောင်းတွေ သေချာကောက်ပြီးပုံဖို့ ဖေဖေဟာ မင်းကို ပြောခဲ့တယ်။ သစ်ကိုင်းတွေဆိုတည်းက အသေးရောအကြီးရော ပြောတာ။ ရွေးပြီးကောက်လို့ ဖေဖေ့စကားထဲ တစ်ခွန်းတောင်မပါခဲ့ဘူး။ အလုပ်ကောင်းတယ်.. သေချာတယ်ဆိုပြီး မင်းကို ဖေဖေက ငွေသုံးထောင်ပေးခဲ့တာ။ ဒါပေမယ့် ခုတော့ကြည့်စမ်း၊ ဘယ်မလဲ သေချာမှု။ တစ်ကွက်မှမတွေ့ရဘူး။ သစ်ကိုင်းကြီးတွေပဲကောက်ခဲ့ပြီး အသေးတွေကိုတော့ မင်းဟာ ချန်ခဲ့တယ်။ တကယ်ဆို မင်းက သစ်ကိုင်းတွေကို ကောက်ရုံပဲကောက်ပေးရတာ.. သိပ်ပင်ပန်းကြီးတာမဟုတ်ဘူး.. မင်းဟာ တကယ်တော့ အလုပ်တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့တာပဲ။ ဒါကြောင့် အစောက ဖေဖေပေးခဲ့တဲ့ ငွေတစ်ဝက်ပြန်ပေးပါ” ဟု ဖခင်က ခပ်တည်တည် ခပ်ပြတ်ပြတ်နဲ့ ပြောလိုက်လေသည်။
ရဲရင့်မနှစ်မြို့သော အရာတစ်ခုမှာ သူ့လက်ထဲရောက်ရှိပြီးသားငွေကို စွန့်လွှတ်ရခြင်းပင်ဖြစ်သည်။ သူ့အားငွေပေးရသည့်အတွက် သူ့ဖခင်၏ငွေစွန့်လွှတ်ရခြင်းကို သူဂရုမစိုက်ခဲ့။ ယခုမှ သူ့လက်ထဲရောက်နေသော ငွေကို စွန့်ရခြင်းသည်သာလျှင် သူ့အတွက် မဟာဒုက္ခကြီးတစ်ခုလို ဖြစ်နေတော့သည်။
“ငွေပြန်ပေးရမယ်.. တစ်ဝက်တိတိတောင် ပြန်ပေးရမယ်.. ဟုတ်လားဖေဖေ။”
“ဟုတ်တယ်.. သား.. မင်းကို ဖေဖေတကယ်ပြောနေတာ။ တစ်ဝက်လုပ်ရင် လုပ်ခတစ်ဝက်စာပဲ မင်းယူရမှာပဲလေ” ဟု ဖခင်က တည်ငြိမ်အေးဆေးစွာ ပြောလေသည်။
ရဲရင့်သည် ၀မ်းနည်းစွာဖြင့် ဘောင်းဘီအိတ်ထဲမှ ငွေကိုထုတ်၍ တစ်ဝက်တိတိကို ဖခင်အား ပြန်ပေးလိုက်ရလေသည်။
ဖခင်က ငွေကိုလှမ်းယူရင်း “ မင်း ဒီငွေကို ပြန်လိုချင်ရင် မင်းရဲ့မပြီးပြတ်မသေချာခဲ့တဲ့ ကျန်နေသေးတဲ့အလုပ်ကို ပြန်ဆက်လုပ်မယ်ဆိုရင်တော့ ဖေဖေပြန်ပေးမယ်.. ဘယ်လိုလဲ” ဟုပြောလေသည်။
ရဲရင့်သည် ၀မ်းနည်းစွာဖြင့် ဖခင်ရှေ့မှ ခေါင်းငုံ့ကာ သစ်ကိုင်းချောင်းတွေကို တစ်ဖန်ပြန်ကောက်ရန် ထွက်သွားလေသည်။ သူသည် ထိုနေ့က ရရှိသည့် သင်ခန်းစာကို မည်သည့်အခါမျှ မမေ့တော့ပေ။ သူသည် ချန်ထားခဲ့သော သစ်ကိုင်းကလေးများကို တစ်ဖန်ကောက်ယူပုံထားပြီးနောက် ပြန်ရခဲ့သော ငွေတစ်ဝက်ကို လက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ရင်း နောင်မည်သည့်အလုပ်မဆို နှစ်ခါပြန်မလုပ်ရလေအောင် တစ်ခါတည်းနှင့် အသေအချာ လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ လုပ်ခငွေ အပြည့်လိုချင်လျှင် အလုပ်ကိုလည်း မခိုမကပ် ချန်လှပ်ခြင်းမရှိဘဲ တိကျသေချာအောင် လုပ်ရမည်ကိုလည်း သူသိရှိသွားလေတော့သည်။

Friday, June 21, 2013

Power Supply ကိုMeter တိုင်ခြင်း



pcstatsPSUtest

Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကိုWire ကြိုး အစိမ်းနှင့် အနက်ကို ကြေးနန်းကြိုးနှင့် ထိုးထားပါ။ Power supply ကို power onပေးပါ။ ဒါဆို power supply က fan လည်လာပါလိမ့်မယ်။ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Powersupplyကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရောသတ်မှတ်ထားတဲ့ DC volt တွေ အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့စစ်ဆေးရပါအုံးမယ်။ Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက်မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DCVolt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC Volt ကို လှည့်ထားပြီးပြီဆိုပါစို့။

မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000 volt အထိပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့သင့်အနေနဲ့ 10 volt ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့50 volt နဲ့တိုင်းရပါလိမ့်မယ်။

ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်းသိထားရမှာ ဖြစ်ပါတယ်။ ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က ခုနှစ်မျိုးရှိပြီး၊ အ၀ါရောင်က+12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V sense၊အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က power on၊ မီးခိုးရောင်က power good၊ အမည်းရောင်က ground  တို့ဖြစ်ကြပါတယ်။

ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channelလေးကို အနီးဆုံး 10V ကို ရွှေ့ပေးလိုက်ပါ။ ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့် အနက် Jerk pinလေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကိုထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pinအနီကို  P1 connector မှ အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို  မီတာ Box မှာ DCV တွင်+5V ပြပါလိမ့်မယ်။ ဒါဆို power supply က power အပြည့်ထွက်ပါတယ်။ အကယ်၍ 3Vလောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။

၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အားထွက်၊မထွက် တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3Vရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကိုတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး ဦးတည်ပေးရပါလိမ့်မယ်။မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။သင်က 5V ကို တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3Vကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4 ကြားမှာ ပြပါလိမ့်မယ်။ DC ကို 10V ထက်ကျော်ပြီးတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ ထားရမှာပါ။ 50 မှာ ထားတဲ့အခါ0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို တိုင်းတာလျင်တော့မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။ P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ တိုင်းရမှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ်မဖြစ်နိုင်ပေမယ့်  wire pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီးကိုင်တွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 Source: Product of MYDATA Game & Software CD /DVD

advanced appearance settings Font zawgyi ချိန်းဖို့ပါ

To Manually Create the "Window Color and Appearance" Shortcut
1. Right click on a empty area on desktop, and click on New and Shortcut.

2. Copy and paste either command below into the location area, and click on the Next button.
rundll32.exe shell32.dll,Control_RunDLL desk.cpl,,5
OR
Code ဒီမှာနော်   %windir%\System32\rundll32.exe shell32.dll,Control_RunDLL desk.cpl,Advanced,@Advanced  ဒီအထိ ကော်ပီ ဆရာကြီးလုပ်လိုက်ပါ
Window Color and Appearance Shortcut - Create-step1.jpg

3. Type Window Color and Appearance for the name, and click on the Finish button.
NOTE: You can name this anything you would like though.

4. Right click on the new Window Color and Appearance shortcut on the Desktop and click on Properties.

5. Click on the Shortcut tab, then click on the Change Icon button. (See screenshot below)
အားလုံးဘဲ ပျော်ရွှင်ပါစေ ခင်ဗျာ. လာလည်းတဲ့အတွက်ကျေးဇူတင်ပါတယ်

မယား ( ၇ ) မျိုး၊ လင် ( ၈ ) မျိုး


မယား ( ၇ ) မျိုး

မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊ သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊ နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊ တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။

လင် ( ၈ ) မျိုး ၊

လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊ - လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊ - မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊ - အနာဒရ ၊ ပြုတတ်စွာရှင့် ။ ( မဃဒေ၀ / ၂၉၇ )

Windows 7 3D Wallpaper လို့ချင်တယ်သူအတွက်


ကဲအခုရေးမည့်အကြောင်းကတော့ Windows 7 3D Wallpaper လေးအကြောင်းပါ
သေသွားမယ်လန်းချက်က

အောက်မှာ Software ကိုတင်ပေးလိုက်ပါတယ် Software ကိုဒေါင်းပြီး Install ယုန်နဲ့
မပြီးသေားဘူးနော် Software ဒေါင်းရမည့် Site ထဲမှာ Animated Wallpapers ကိုသွား
ပြီးတော့ကိုလိုခြင်တဲ့ ရှူးခင်းလေးတွေကိုဒေါင်းပြီးတော့ Right Click လုပ်လိုက်ပါ လုပ်
ပြီရင် Set As Desktop Background လုပ်လိုက်ရင်တော့ 3D လိုဖြစ်သွားတော့ မှာပါ
အရမ်းကိုကောင်းပါတယ် အသက်ဝင်နေသလိုပါ အောက်မှာ ဒေါင်းလိုက်ပါတော့။
                         
                                                       Download

myanmar font downloads



ဒီမှာယူပါ

“သင့်ကိုယ်သင် ပြန်ကြည့်ပါ”





1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ
 သင် မသိနိုင်ဘူးလေ။



2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

5. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

7. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

8. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

9. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

11. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

12. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
13. များများပြုံးပါ၊ များများရီပါ။

14. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Pocket Oxford Dictionary for PC (5.6 MB)


English to English Dictionary ဖြစ်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း 140,000 ကျော်ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံယုံကြည်စွာ သုံးစွဲနေကြတဲ့ Oxford University Press ဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုလေ့လာရာမှာ Eng to Eng Dictionary များကိုသာ အားကိုးအားထားပြုပြီးလေ့လာစေလိုပါတယ်။ Install လုပ်စရာမလိုဘဲ zip ဖြည်ပြီး pod.exe လေးကိုဖွင့်သုံးပါ။
oxfordpoj
Pocket Oxford Dictionary ကိုရယူရန်။

Clone Yourself - Camera v1.0.9 Apk 9MB

ဒီကောင်လေးကတော့ ဓာတ်ပုံရိုက် ၀ါသနာပါတဲ့
 အကို အမ ညီ ညီမ တွေ အတွက် အဆင်ပြေမယ် ဆောစ့်ဝဲလ်လေးပါ 
သူက နောက်ခံ ရှုခင်း တစ်မျိုးထဲမှာ အိုင်တင်သုံးမျိုးလုပ်ပြီး ဓာတ်ပုံရိုက်လို့ရပါတယ် 
နားလည်အောင်ပြောရမယ်ဆိုရင်  နောက်ခံ ရှုခင်း တစ်မျိုးထဲမှာ အိုင်တင်လေးနဲ့ 
ဓာတ်ပုံသုံးခါရိုက် ပြီးရင် တစ်ပုံ မှာ အိုင်တင်သုံးမျိုး ပုံလေးနဲ့ ဖြစ်အောင် လုပ်တဲ့ ဆောစ့်ဝဲလ်လေးပါ
ဓာတ်ကာလာတွေလည်း ပြင်ဆင်နိုင်တဲ့ လုပ်ဆောင်ချက်လည်းပါပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
 
Dwonload>>>>zippyshare(or)Direct Download

Thursday, June 20, 2013

Myandroid V1.3

လိုအပ်သူများတော့ ဒေါင်းထားပေတော့ ဖုန်းအတွက်အဆင်ပြေဆုံးလို့ မျော်လင့်တယ်

Myandroid V1.3 Download Here 

http://bit.ly/16RJrck


ကားမှာ ဒါတွေပျက်ရင် ဒါတွေ ပြင်မယ်


ကောင်းနိုးရာရာလေးတွေ စုစည်းတင်ပြတာပါ။
ကားမှာ ဒါတွေပျက်ရင် ဒါတွေ ပြင်မယ်
မီးခိုး အထွက် လွန်နေရင်
သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာ မီးခိုး အရောင်ကို ထပ်ခွဲရပါ အုံးမယ်။ မီးခိုး အမည်းရောင် ဆိုရင်
အင်ဂျင်ဆီယိုနေခြင်း ဖြစ်ပါတယ်။ မီးခိုး အဖြူ ဘက် နည်းနည်း လိုက်ရင် ရေယိုနေခြင်း ဖြစ်ပါ တယ်။ ရေယို ဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲ ဝင်ရောလို့ ဖြစ်ပါတယ်။ မီးခိုအပြာရောင် သို့မဟုတ် အခြားသော ရောင်စုံ ဆိုရင် ဒါချောစီ (ကားချောစီ) ယိုနေခြင်း ဖြစ်ပါတယ်။
ဘယ်လိုပြင်မယ်
ဆိုင်သာပို့ပါ။ ဒါက လက်တည့်စမ်းပြီး လျှောက်ပြင်ရမယ့် ပြဿနာ မဟုတ် ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ အင်ဂျင်ပေါက်ကွဲခြင်း ဖြစ်ပါတယ်။ ဆလင်ဒါရဲ့  လုပ်ဆောင်ချက်က ပုံမှန် မဟုတ်တော့ပဲ မီးလောင်မယ့် အနေအထားထိကို ရောက်စေပါတယ်။
ပါဝါမှန် ပူနေရင်
ပူနေရင် ဒီတိုင်းကြည့်မနေပါနဲ့။ ရှော့ရှိပါတယ်။ ဒါ အတွင်းမှာ ထည့်ထားတဲ့ အမဲဆီတစ်မျိုး က တော်တော်လေး အပူဒဏ်ခံနေရခြင်း ဖြစ်ပါတယ်။ ကိုယ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မှန်က အပေါ်တက်သွားတာ မှန်ပေမယ့် နောက်ကွယ်မှာ သူအလုပ်လုပ်လိုက်ရတဲ့ ဖက်ရှင်တွေ တော်တော်လေး စုံပါတယ်။ အီလက်ထရောနစ်နဲ့ ဟိုက်ဒရော လစ် စနစ် ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစ်ခုပျက်ရင် နှစ်ခုလုံးကိုအလုပ် မလုပ်စေတော့ပါဘူး။
ဒီလိုပြင်မယ်
ဆီအစားထိုးပေးရမှာ ဖြစ်ပါတယ်။ ဆီဆိုလို့ တွေ့ကရာ ဆီ မဟုတ်ပါဘူး။ သူ့အမျိုးအစားနဲ့သူ သတ်မှတ်ထားတာ ရှိပါတယ်။ ကိုယ်တိုင် ဖွင့်ကြည့်နိုင်တယ်ဆိုရင်ကြည့်နိုင်ပါတယ်။ အတွင်းမှာ အသုံးပြုတဲ့ ဆီတစ်မျိုးကို စနစ်တကျ ပြန်အစားထိုးပေးဖို့တော့လိုပါတယ်။ ဝပ်ရှော့ပိုတာ ပိုအန္တာရယ်ကင်းပါတယ်။ ဝပ်ရှော့ပို့ပေမယ့် သူတို့ ပြန်ထည့်ပေးမယ့် ဆီကို သေချာစစ်ဆေးစေချင်ပါတယ်။ မှန်အတင်အချ စနစ်မှာ သုံးတဲ့ Grease oil က တော်ရုံဆီများနဲ့ မတူပါဘူး။ တလွဲထည့်ရင် ခဏတာ ကောင်းပေမယ့် ရေရှည်မှာ အန္တာရယ် ရှိပါတယ်။
စက်ကောင်းကောင်း မနိုးရင်
အရင်ကဆို သော့တစ်ချက်လှည့်ရုံနဲ့ စက်နိုးပေမယ့် နောက်ပိုင်းကျ အဲ့လိုမဟုတ်တော့ဘူး ဆိုတာမျိုးလည်း ဖြစ်ပါတယ်။ မြင်းဟီးသလိုပဲ တစ်ဟီးဟီးနဲ့ထမြည်လို့ ရပ်သွားပါတယ်။ တစ်ခါခါတော့ အဲ့လိုမြည်ပြီး စက်နိုးသွားပါတယ်။ Engine Starting မှာ ဒါတွေ ဖြစ်တာ အဓိကက ဘက်ထရီပါပဲ။ ဘက်ထရီကောင်းရင် ဒါမျိုး ဖြစ်စရာ အကြောင်းမရှိပါဘူး။ ဓာတ်ဆီကားမှာဆို Spark ရိုက်ဖို့အတွက် ဘက်ထရီက လုပ်ပေးပြီး ဒီဇယ်မှာကျတော့ ကားအင်ဂျင်လည်ဖို့အတွက် ဘက်ထရီက စမောင်းပေးရပါတယ်။
ဒီလိုပြင်မယ်
ကားစစချင်းမှာ မနိုးဘူးဆိုရင် ဘက်ထရီကြိုးလွတ်နေလားဆိုတာ စက်ဖုံးမှာ အကြမ်းဖျင်းကိုယ်တိုင်ဝင်စစ်နိုင် ပါတယ်။ ဒါလည်း မလွတ်ဘူးဆို ဘက်ထရီမကောင်းလို့ဆိုတာ ပထမဦးဆုံး ကောက်ချက်ချနိုင်ပါတယ်။ ဒါလည်း မဟုတ်သေးဘူးဆိုရင် အခြား အပြစ်တင်စရာများလည်းရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်လိုမှ မရနိုင်တော့ဘူးဆိုရင်း ကား ဘီးအူတိုင် ကို လည်စေဖို့အတွက် နောက်ကနေ အကူအညီနဲ့တွန်းခိုင်းပြီး စက်နိုးရတဲ့ အဆင့်အထိကို လုပ်ရပါတော့မယ်။ ပြီးတော့မှာ Enginer Starting System ပြဿနာကို ဝပ်ရှော့ဆရာများနဲ့ ပူးပေါင်းဖြေရှင်းနိုင်ပါတယ်။
ကားမောင်းနေရင်းနဲ့ ရပ်ရင်
မောင်းနေရင်းနဲ့ ရပ်တာ အဓိက အကြောင်းအရင်းက အင်ဂျင်လည်တာ ရပ်ခြင်းပါပဲ။ ဒါဆို အင်ဂျင်က ဘာလို့ လည်နေရင်းနဲ့ ရပ်ရလည်းဆိုတာက ရှင်းပါတယ်။ အင်ဂျင် ဆီလမ်းကြောင်းပိတ်တယ်ဆိုတာ အကြမ်းဖျင်း သိရှိ နိုင်ပါတယ်။ ဒါက အဖြစ်နိုင်ဆုံး အခြေအနေ တစ်ခုကို ပြောတာပါ။ နောက်ထပ် ဖြစ်နိုင်ချေတွေလည်း ရှိနေတတ်ပါသေးတယ်။
ဘယ်လိုပြင်မလဲ
ဆီပိုက်ကို ပြန်စစ်ရမှာပါ။ ပြီးတော့ ဆီဗုံးမှာ ဆီကျန်မကျန်လည်း စစ်ရပါအုံးမယ်။ တစ်ခါခါကျ ဒိုင်ခွက်က အမှားပြနေတာမျိုးတို့ကလည်း ရှားရှားပါးပါး ကြုံတွေ့ ရတတ်ပါတယ်။ အင်ဂျင် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ လမ်းကြောင်း စနစ်တစ်ခုလုံး အမှားအယွင်း ရှိမရှိ ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စီးတဲ့ မြင်းက အထီးလားအမလားဆိုတာကို သိအောင်လုပ်ရသလိုပဲ ကိုယ်စီးတဲ့ ကားရဲ့  အကြမ်းဖျင်း ဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်း တည်ဆောက်ပုံတို့ကို သေချာ လေ့လာထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက်များက အကြမ်းဖျင်း သဘောသာ ရှိပါသေးတယ်။ တကယ်ပဲ တွေ့နိုင်တဲ့ အခြားသော အခက်အခဲများကိုလည်း နောက်မှ ဆက်လက်ဖော်ပြပါအုံးမယ်။
အောင်ခမ်း (TSJ team)
From : Techspace

English To Myanmar Dictionary Version 1.0




အရွယ်အစားကတော့ သေးသေးလေးပါ..ဒါပေမယ့် အလွန်ကိုဘဲ သုံးလို့ကောင်းတဲ့ English To Myanmar
Dictionary လေးဖြစ်ပါတယ်..အသံထွက်မသိတဲ့စကားလုံးများအတွက်လည်း အသံထွက်ခိုင်းလို့ရပါတယ်.
အချို့အရေးကြီးသော စကားလုံးတွေမှာဆိုရင် ပုံနဲ့ပါပြပေးပါတယ်..မသိသေးသူများအတွက်ကတော့
အသစ်ပေါ့ဗျာ...ကဲ Download ရယူနိုင်ကြပါပြီခင်မျာ..
                                  


Windows 7 Activate မဖြစ်သေးဘူးဆိုသူများအတွက် Windows 7 Activator



Windows 7 တွေ Activate ပျက်သွားလို့ပဲဖြစ်ဖြစ်၊ Activate မဖြစ်သေးတာပဲဖြစ်ဖြစ်.. ဒီကောင်လေးကို သုံးလိုက်ပါ.. Windows 7 အမျိုးအစားတွေဖြစ်တဲ့  Windows 7 ultimate,Windows 7 Starter,Windows 7 Professional,Windows 7 Premium,Windows 7 Home Premium တွေရဲ့ Operating System ဖြစ်တဲ့ 32bit(x86) နဲ့ 64bit(x64) တွေအားလုံးကို Activate ဖြစ်စေပါတယ်.. မိတ်ဆွေအနေနဲ့ သတိထားရမှာက Activate မလုပ်ခင် Internet အရင်ပိတ်ပါ.. ပြီးတော့ Automatic Windows Update ကိုပိတ်ထားရမှာဖြစ်ပါတယ်.. မသိသေးတဲ့သူများအတွက် အလွယ်ဆုံးနည်းလမ်းနဲ့ ပိတ်နည်းကိုပြောပြပါမယ်..
1. Start > Control Panel> System and Security ကိုနှိပ်ပါ.
2. ဘောက်ထဲက ညာဘက်မှာ Windows Update ကိုတွေရပါမယ်.. အဲဒီနဲ့ကပ်လျက်အောက်က Turn Automatic Updating On or Off ကိုနှိပ်လိုက်ပါ..
3. ကျလာတဲ့ဘောက်ထဲက Inportant Update ခေါင်းစဉ်မှာ ဒိုင်းပုံစံလေးဘေးက ဘောက်ကိုနှိပ်လိုက်ပြီး ကျလာတဲ့ List ထဲက Never Check for Update ကိုရွေးလိုက်ပါ..
4. ပြီးရင် အဲဒီဘောက်ထဲမှာပဲ. Give Me Recommand Update နဲ့ Allow All users to install update update နှစ်ခုရဲ့ဘေးက အမှန်ခြစ်ကို ဖြုတ်ခဲ့ပြီး OK ကိုနှိပ်ပါ..

နောက်တစ်ခု..
1. Start ထဲမှာ msconfig လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..
2. ကျလာတဲ့ဘောက်ထဲက အပေါ်မှာ General , Boot, Services စတဲ့ Tab တွေရှိတယ်.. အဲဒီထဲက Services ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ.. အကွက်ထဲက စာတန်းတွေရဲ့ဘေးမှာ အမှန်ခြစ်တွေနဲ့မြင်ရမှာပါ.. အဲဒီစာတန်းတွေထဲက Windows Update ရဲ့ ဘေးက အမှန်ခြစ်ကို ဖြုတ်ခဲ့ပြီး Apply.. OK ကိုနှိပ်ပါ..

နှစ်ခုလုံးလုပ်ပြီးသွားရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ..

ဒါဆိုရင် နောက်တစ်ခါ Activation မဆုံးရှုံးတော့ပါဘူးခင်ဗျာ..

အဆင်ပြေပါစေ..
                                         

အခြေခံကွန်ပြူတာ သင်တန်း အပိုင်း(၁)


သူငယ်ချင်းများလည်း ဖက်မှတ်စေချင်ပါတယ်

ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်ပါတယ်…

ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်…

ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါတယ်…


ကွန်ပျူတာဟာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုရန်လိုအပ်တဲ့အတွက် ကွန်ပျူတာကို သုံးတတ်အောင် လေ့လာသင်ကြားထားသင့်ပါတယ်…

ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါတယ်…

A typical computer system consists of several parts. These are computer case, monitor, keyboard, mouse, printer and modem.

ကွန်ပျူတာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်… အဓိက ပါဝင်တာကတော့ -

Computer Case – A computer case contains most of the major components of a computer system.

ကွန်ပျူတာ Casing မှာ အဓိကအစိတ်အပိုင်းများကို တပ်ဆင်ထားပါတယ်…



Casing မှာ ၂-မျိုးရှိပါတယ်… Desktop Casing နဲ့ 



Tower Casing ပါ…

Monitor – A monitor is a device that displays text and images generated by the computer.

Monitor ကတော့ စာတွေ၊ ပုံတွေမြင်ရအောင် လုပ်ပေးထားတဲ့ကိရိယာပါ…



Keyboard – A keyboard is a device that lets you type information and instructions into a computer.

Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊ ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာပါပဲ…



Mouse – A mouse is a handheld device that lets you select and move items on the screen.

Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ ပြောင်းလိုတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ကိရိယာလေးပါ…



Printer – A printer is a device that produces a paper copy of documents you create on the computer.

Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို စာရွက်နဲ့  ထုတ်နိုင်တဲ့ ကိရိယာပါ…



Modem – A modem is a device that lets computers communicate through telephone lines. A modem can be found outside or inside the computer case.

Modem ကတော့ ဖုံးလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိရိယာပါ… Modem ကို အပြင်ဖက် (သို့ မဟုတ်) ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်…




What is called Hardware and Software?

Hardware and Software are the two basic parts of a computer system.

ကွန်ပျူတာမှာ Hardware နဲ့  Software ဆိုပြီး ၂-မျိုးရှိပါတယ်…

Hardware is any part of a computer system you can see or touch.

Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့ နိုင်တဲ့အရာမှန်သမျှကို Hardware လို့  ခေါ်ပါတယ်… ဒါကြောင့် Computer Case, Monitor, Keyboard နဲ့  Mouse တို့ ဟာ Hardware ပဲ ဖြစ်ပါတယ်…

Software is a set of electronic instructions that tell a computer what to do. You cannot see or touch software.

Software ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ထိတွေ့ လို့  မရနိုင်ပါဘူး…

Software is divided into two kinds of software. These are Application Software and Operating System Software.

Software ကို Application Software နဲ့  Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…

Application Software allows you to accomplish specific task. Popular application software includes Microsoft Word, PhotoShop & AutoCAD.

Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက် စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker၊ အစည်းအဝေးတွေမှာ Slide Show လုပ်ပြီး Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint၊ အချက်အလက်များ ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Micosoft Access၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel၊ ဒီဇိုင်းများ၊ ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ PhotoShop၊ အခြေခံအင်ဂျင်နှီယာပုံများ ဆွဲနိုင်တဲ့ AutoCAD ဆိုတာတွေဟာ Application Software လို့  ခေါ်ပါတယ်…

Operating System Software controls the overall activity of a computer. Most new computers come with the Windows XP, Vista & Windows 7.

Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ်လိုအပ်တာပါ… အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Windows XP, Vista နဲ့  Windows 7 ဆိုတာတွေဟာ Operating System Software ပါ…

How Computers Work
ကွန်ပျူတာအလုပ်လုပ်ပုံ

A computer collects processes, stores and outputs information.

ကွန်ပျူတာဆိုတာ အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့  အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့ ကိရိယာပါ…

Input

An input device lets you communicate with a computer. You can use input devices to enter information and issue commands. A keyboard, mouse and joystick are input devices.

ကွန်ပျူတာထဲကို အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard၊ အမိန့် ပေးတာတွေကို ကူးယူရွှေ့ ပြောင်းနိုင်တဲ့ Mouse၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ ကို Input Device လို့ ခေါ်ပါတယ်…

Process

The Central Processing Unit (CPU) is the main chip in a computer. The CPU processes instructions, performs calculations manages the flow of information through a computer system. The CPU communicates with input, output and storage devices to perform tasks.

ကွန်ပျူတာမှာ အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့အရာပါ…

Store

A storage device reads and records information on storage media. The computer uses information stored on the storage media to perform tasks. Popular examples of storage devices include a hard drive, floppy drive, CD-Recordable drive and tape drive.

ကွန်ပျူတာရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ… များသောအားဖြင့် Hard drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive၊ Tape drive တို့ ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick၊ CD-R၊ CD-RW၊ DVD Drive တို့ ကို သုံးလာကြပါပြီ…


Output

An output device lets a computer communicate with you. These devices display information on a screen, create printed copies or generate sound. A monitor, printer and speakers are output devices.

အချက်အလက်တွေ၊ ပုံတွေကို မြင်ရတဲ့ Monitor၊ အသံတွေကို နားထောင်လို့ ရတဲ့ Speakers၊ Microphone၊ စာရွက်နဲ့ ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…

Bytes
Bytes are used to measure the amount of information a device can store.

Byte ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ.. ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ Hard disk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်…

Byte
One byte is one character. A character can be a number, letter or symbol.
One byte consists of eight bits (binary digits). A bit is the smallest unit of information a computer can process.

One byte ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့ မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်…

Kilobyte (K)
One kilobyte is 1,024 characters. This is approximately equal to one page of double-spaced text.

1 Kilobyte = 1,024 Bytes = 103 Bytes (nearly)

Megabyte (MB)
One megabyte is 1,048,576 characters. This is approximately equal to one book.

1 Megabyte = 106 Bytes

Gigabyte (GB)
One gigabyte is 1,073,741,824 characters. This is approximately equal to a shelf of books in a library.

1 Gigabyte = 109 Bytes

Terabyte (TB)
One terabyte is 1,099,511,627,776 characters. This is approximately equal to an entire library of books.

1 Terabyte = 1012 Bytes

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ