Saturday, August 24, 2013

Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ Pro Myankey V2.0 Beta 5




Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွေ စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

One-Click Download 

Friday, August 23, 2013

Area of the Circle


      1. 1
        Calculate the length of the radius. If you only know (or have measured) the diameter (the distance from one side of the circle to the other), then divide it by two to obtain the radius. The radius of a normal circle is always one-half of the diameter.


      2. 2
        Read the formula. The formula for finding the area of a circle is

        Area equals pi multiplied by (r squared)


      3. 3
        Multiply the radius by itself to square it. For example, if your radius was 6 cm, your radius squared would be 36 cm squared.


      4. 4
        Multiply the result you get from Step 3 by pi. (Use this also in "Finding the Area of a Sector").


        • If the instructions say "leave in terms of pi" or "exactly", then just stick the pi onto your answer (for example, the area of the circle = π36 cm^2.) If you just round it to 3.14, it's not at all exact. There is no way to show it exactly besides leaving the pi sign.
        • If the instructions say anything about rounding, replace pi with 3.14 or use your calculator's pi button.

          Here is an example:

          If the instructions say anything about rounding, replace pi with 3.
           If the instructions say anything about rounding, replace pi with 3.



          calculation လုပ်မယ်


          ဗွီဒီယို ဖိုင်







Area of a Trapezium

trapezium is a quadrilateral that has only one pair of parallel sides.Consider the area of the following trapezium.

To calculate the area of a trapezium, divide it into a rectangle and two triangles as shown below.

Now, piece together the triangular ends so that the trapezium is divided into a triangle and rectangle.  The base of the triangle is the difference between the lengths of two parallel sides.  That is, a – b.


Example 4

Find the area of the following trapezium.

Solution:

So, the area of the trapezium is 204 m2.


Example 5

Find the area of the following trapezium.

Solution:

So, the area of the trapezium is 39 cm2.

Remember:
  • trapezium is a quadrilateral that has only one pair of parallel sides.
  • The area of the trapezium is given by the following formula where a and b are the lengths of the parallel sides and h is the perpendicular distance between the parallel sides.
  •   
  •      calculation လုပ်မယ်

                    ဗွီဒီယို

ဗြိတိသျှနှင့်အမေရိကန်အသုံးအနှုန်းခြားနားချက်များ

div>


“အမေရိကား(America) နှင့် ဗြိတိန် (Britain) တို့သည် ဘာသာစကားတစ်မျိုးတည်းက ခွဲခြားထားခြင်း ခံရသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။” လို့ George Bernard Shaw က ပြောခဲ့ဘူးပါတယ်။ တကယ်တော့ ခြားနားချက်တွေဟာ အတော်အတန်နည်းပြီး ယခုအခါ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ ပိုမိုနည်းပါးလာပါသည်။ ဒါပေမယ့် အရေးကြီးတဲ့ ကွာဟချက်တွေ ကတော့ ကျန်ရှိနေပါသေးတယ်။ ရှုပ်ထွေးခြင်း (သို့) နားလည်မှုလွဲခြင်းတွေ ဖြစ်နိုင်ခဲပေမယ့် တစ်သမတ်တည်း ရှိဖို့ကတော့ အရေးကြီးပါတယ်။

a)     I cashed his cheque.
b)     I cashed his check.
       သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။

a)     They lived in a fourth floor flat.
b)     They lived in a fourth floor apartment.
        သူတို့သည် တိုက်ခန်းရဲ့ လေးလွှာမှာနေတယ်။

a)     He recently bought a new mobile phone.
b)     He recently bought a new cell phone.
       သူဟာမကြာခင်က လက်ကိုင်ဖုန်း အသစ်တစ်လုံးဝယ်ခဲ့တယ်။

a)     She met a colleague on the pavement outside the office.
b)     She met a colleague on the sidewalk outside the office.
        သူမသည် ရုံးအပြင်ဖက်မှာရှိတဲ့ လမ်းဘေးစင်္ကြံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။

အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး၊ (b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို   BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။

ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater(AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။

Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။

သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။

(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။

a)     What did you do on the weekend?
b)     What did you do at the weekend?
        စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?

a)      Hello, is this John?
b)      Hello, is that John?
         ဟယ်လို၊ ဒါ John လား?

a)     The office is open Tuesday through Saturday.
b)     The office is open Tuesday to Saturday.
        ရုံးခန်းဟာ အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်ပါတယ်။

a)     Your plane just landed.
b)     Your plane has just landed.
        သင့်လေယာဉ်ပျံ ယခုလေးတွင်ပဲ ဆိုက်ရောက်ပါတယ်။

နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။

ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.”(လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။

(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။)

အင်တာနက်တွင် အင်္ဂလိပ်လို ချက်တင် (chatting) လုပ်ရာ၌ အသုံးပြုနိုင်မည့် ဘန်းစကား အသုံးအနှုန်းများ



  

အခုခေတ်မှာ အားလုံး အင်တာနက်နဲ့ချည်း ဆက်သွယ်နေကြတော့ အင်တာနက်မှာ ချက်တင် (chatting) လုပ်တဲ့ ဘန်းစကားတွေကိုလည်း နားလည်ထားဖို့ အရေးကြီးလာတယ်။ အထူးသဖြင့် စာရိုက်ရလွန်းလို့ လက်ညောင်းလာရင် အဲဒီဘန်းစကားတွေက စာရိုက်ရ သက်သာတယ်။ Text စာတိုပို့ခြင်း၊ IM (Instant Message) ချက်ချင်းအကြောင်းကြားစာပို့ခြင်း၊ email အီးမေးလ်ပို့ခြင်း၊ chatroom ချက်တင်အခန်းလို့ ခေါ်တဲ့ ၀က်ဆိုက်ထဲမှာ ချက်တင်လုပ်ခြင်း ဆိုတဲ့ အီလက်ထရောနစ် စကားပြောပုံပြောနည်းတွေမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုံးဝမသိတဲ့ လူစိမ်းတွေကို ပြောဖို့ သီးခြား ထူးခြားတဲ့ အသုံးအနှုန်းတွေ ရှိတယ်။ စကားလုံးတွေ၊ အတိုကောက်တွေ၊ ပထမအက္ခရာနဲ့ ဖွဲ့စည်းထားတဲ့ စာလုံးတွေကို အပြန်အလှန် လဲလှယ်သုံးနိုင်တယ်။ ဆိုလိုတာက အင်တာနက်ကနေ ချက်တင်လုပ်တဲ့ နယ်ပယ်တစ်ခုမှာ ထူးခြားတာ ပေါ်ပေါက်လာရင် အခြားနယ်ပယ်တွေမှာလည်း ပေါ်လာလေ့ ရှိတယ်။
 လူတွေ ဘာဖြစ်လို့ အင်တာနက် ချက်တင် လုပ်တဲ့ ဘန်းစကားကို သုံးကြတာလဲ။ သဘောကျကြသလား။ လူတွေ ပုံမှန် အချင်းချင်း တုံ့ပြန် စကားပြောဆိုကြတဲ့နေရာမှာ အစားထိုး ၀င်ရောက်နေတာလား။
 ချက်တင်ကတော့ သူ့ပရိတ်သတ်နဲ့သူ ရှိမှာပါ
 လူတွေက ချက်တင်လုပ်တာ ဘာဖြစ်လို့ သဘောကျသလဲ မေးရင် ချက်တင်က ထိရောက်တယ်။ လိုရင်းရောက်တယ်။ ပြောစရာရှိတာကို တိုတိုနဲ့ ပြောဖြစ်သွားတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အပြောင်းအလဲတွေနဲ့ လုံးဝ အဆက်ပြတ်နေသူဆိုရင်တော့ ဒီလူတွေ ဘာပြောနေကြသလဲ နားလည်မှာ မဟုတ်ဘူး။
 လူတွေက အင်တာနက်မှာ ချက်တင်လုပ်တယ်။ လက်ကိုင်ဖုန်း၊ ဘလက်ဘယ်ရီဖုန်း၊ ဒါမှမဟုတ် အခြား ကိရိယာတွေကို သုံးကြတယ်။ ဖုန်းကိုင်ပြီး ပြောရတာထက် လွယ်တယ်လေ။ တစ်ခါတစ်ခါ ပါးစပ်က ပြောဖို့ ပြောရခက်နေတဲ့ စကားတွေကို စာတို (text) ပို့လိုက်တာလည်း ရှိတယ်။ စာတိုပို့တာဆိုတော့ အသံမကြားရတော့ဘဲ ကိုယ်နဲ့တစ်ဘက်သားအကြားမှာ နည်းပညာတစ်လွှာ ခံထားလိုက်တာပေါ့။
 အလုပ်အတွက်ချည်း သက်သက် ဆက်သွယ်ပြောဆိုတာဆိုရင်တော့ အဆင်ပြေတာပါတယ်။ ဒါပေမယ့် လင်မယား၊ ချစ်သူရည်းစား၊ အခင်မင်ဆုံး သူငယ်ချင်းတွေက အဲဒီလို ဆက်သွယ်ကြမယ်ဆိုရင် တစ်မျိုးကြီး ဖြစ်နေနိုင်တယ်။
 အချို့လူတွေက တကယ်ဘဲ အီလက်ထရောနစ် ဆက်သွယ်ရေးကို တမ်းတမ်းစွဲသုံးကြတယ်။ ရိုးရိုး ဖုန်းပြောဖို့တောင် မပြောတတ်တော့သလို ဖြစ်နေနိုင်တယ်။ လူချင်းတွေ့ပြီး ဆက်တိုက် စကားပြောနေတာ ပါလားဆိုတာတောင် သူတို့က မေ့နေတတ်ကြသေးတယ်။
 အချို့ကျပြန်တော့ စာတို (text) ပို့ဖို့ဘဲ စိတ်သန်နေတာနဲ့ ရှေ့မှာရှိနေတဲ့လူကို စကားနဲ့ လှမ်းမပြောဘဲ စာတိုပို့နေသေးတယ်။ အဲဒီလိုဆိုရင်တော့ ရိုင်းပြရာ ရောက်ရုံတင်မကဘူး။ တစ်ဘက်သား စိတ်ဆိုးအောင် ဆွသလို ဖြစ်လိမ့်မယ်။
 ဒါပေမယ့် စာတို (text) ပို့တာ၊ IM ခေါ်တဲ့ ချက်ချင်းအကြောင်းကြားစာပို့တာ၊ အခြား စာပို့နည်းတွေဟာ ဆက်ပြီး သုံးကြမှာပါ။ ပြဇာတ်ရုံထဲမှာ စာတိုပို့နေရင် ရိုင်းတယ်၊ ညစာစားမလို့ စားပွဲမှာ ၀ိုင်းထိုင်နေတဲ့အချိန်ဆိုလည်း ရိုင်းတယ်၊ (ကားမောင်းတုန်း စာတိုပို့တာကတော့ မိုက်မဲတဲ့သူတွေဘဲ၊ အန္တရာယ်ကြီးလှတယ်)၊ ဒါပေမယ့် အီလက်ထရောနစ် ဆက်သွယ်ပြောဆိုမှု နည်းတွေက သူ့နေရာနဲ့သူ အသုံးဝင်နေမှာဖြစ်တယ်။
 အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကား
 ၂၁ရာစု စာတိုပို့ လူအုပ်ထဲကို ၀င်တိုးဖို့ ဘယ်လို အင်တာနက် ချက်တင်လုပ်တဲ့ ဘန်းစကားမျိုးတွေကို တတ်ထားဖို့ လိုမလဲ။
 သိလွယ်တဲ့အတိုကောက်တွေလည်း ရှိပါတယ်။ ဥပမာ BF ဆိုတာ boyfriend (ယောက်ျားလေးသူငယ်ချင်း၊ ရည်းစားကောင်လေး)၊ GF ဆိုတာ girlfriend (မိန်းကလေး သူငယ်ချင်း၊ ရည်းစားကောင်မလေး) ဖြစ်တယ်။ သိပ်ပြီး မသိလွယ်တဲ့ အသုံးတွေလည်း ရှိတယ်။ ဥပမာ ဆယ်ကျော်သက် တစ်ယောက်က ကွန်ပျူတာသုံးနေရင်း အနောက်မှာ အမေ ဒါမှမဟုတ် အဖေက လာကြည့်နေတယ် ဆိုပါတော့ “MOS” လို့ အမြန် ရိုက်လိုက်တယ်။ mother over shoulder (အမေနောက်ကလာကြည့်နေတယ်) လို့ ဆိုလိုတယ်။ “DOS” ဆိုရင် dad over shoulder (အဖေနောက်က လာကြည့်နေတယ်)၊ POS ဆိုရင် parent over shoulder (အဖေ သို့မဟုတ် အမေ နောက်က လာကြည့်နေတယ်) လို့ သိရမှာဖြစ်တယ်။ လာကြည့်နေတဲ့ မိဘ ထွက်မသွားမချင်း ဘာမှ မပြောဖို့ သတိပေးတဲ့ အသုံးအနှုန်းဖြစ်တယ်။
 အင်တာနက်ပေါ်တက်ဖူးသူတိုင်း OMG (“oh my God”) ဘုရားရေ၊  G (“giggle”) LOL (“laughing out loud”) အသံထွက်ရယ်နေ၊ ROFLOL (“rolling on floor, laughing out loud”) ကြမ်းပေါ်မှာလူးလှိမ့်ပြီး အော်ဟစ်ရယ်မောနေ ဆိုတဲ့အသုံးအနှုန်းတွေကို သိမှာဖြစ်ပါတယ်။ဒါပေမယ့် BFF ကိုတော့ အသက် ၁၆နှစ် အထက်တွေ သိချင်မှ သိမယ်။ “best forever friend” (ထာဝရ အခင်ဆုံးသူငယ်ချင်း) ပါတဲ့၊ BF4L ကတော့ “best friend for life” (တစ်သက်လုံးအတွက် အခင်ဆုံးသူငယ်ချင်း) ပါတဲ့။
 Chatroom လို့ခေါ်တဲ့ ချက်တင်ဝင်တဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာ အသုံးများတဲ့အခြား အသုံးအနှုန်းတွေလည်း ရှိသေးတယ်။ a/s/l ဆိုရင် “age/sex/location” (အသက်/ကျား-မ/နေရာ) လို့ အဓိပ္ပာယ်ရတယ်။ နာမည်ဘယ်လိုခေါ်လဲ/ယောက်ျားလေးလား မိန်းကလေးလား/ဘယ်မှာနေလဲ လို့ အတိုကောက်မေးတာဖြစ်တယ်။ အတွဲလိုချင်သူတွေ ချက်တင်ဝင်တဲ့နေရာမှာ ဒါမျိုး အပြန်အလှန် မေးလေ့ရှိတယ်။
 ချက်တင်လုပ်နေတုန်းအမြန်အိမ်သာသွားရမယ် ဒါမှမဟုတ် ကော်ဖီတစ်ခွက် အရမ်းသောက်ချင်နေတယ် ဆိုရင် ကွန်ပျူတာ နားက ထသွားရတော့မယ်။ ဒါဆိုရင် တစ်ဘက်က စာရိုက်ပို့လိုက်တာတွေကို ချက်ချင်း ပြန်ရိုက်နိုင်မှာ မဟုတ်ဘူး။ တစ်ဘက်သားကို သိအောင်“afk” လို့ ရိုက်ပေးနိုင်တယ်။ away from keyboard (ကွန်ပျူတာနားမှာ မရှိ) လို့ ဆိုလိုတယ်။  “brb” လို့လည်း ရိုက်နိုင်တယ်။ be right back (ချက်ချင်းပြန်လာမယ်) တဲ့။ ဒီလိုမျိုးတွေ ရိုက်ပေးထားမှ တစ်ဘက်သားက ကွန်ပျူတာရှေ့မှာ အသက်များ ထွက်နေပြီလား၊ သူတို့ကို လျစ်လျူရှုထားသလားဆိုပြီး အထင်မမှားမှာ ဖြစ်တယ်။
 အခြား အချိန်ကုန်သက်သာတဲ့အသုံးအနှုန်းတွေကတော့ IMHO (in my humble opinion) မိမိကိုယ်ကို နှိမ့်ချလျက် ထင်မြင်ချက်ကို ဖော်ပြရသော်၊ BTW (by the way) စကားမစပ် ဆိုရလျှင်၊ LTNS (long time, no see) မတွေ့တာကြာပြီ၊ OTHO (on the other hand) တဖန်အခြားတစ်ဘက်မှာ စသည်တို့ ဖြစ်တယ်။
 စိတ်ကူးချင်းတူနေတဲ့အခါ ကိုယ့်ကိုယ်ကိုရော၊ တစ်ဘက်သားကိုရောကို GMTA (great minds think alike)  ဦးနှောက်ကောင်းသူချင်း အတွေးတူတယ် လို့ သုံးနိုင်တယ်။
 ချက်တင်လုပ်ရင်း အပြင်လောက လက်တွေ့ဘ၀ အရှိတရားအကြောင်းတွေလည်း ပြောရတတ်တယ်။ IRL လို့ သုံးနိုင်တယ်။ in real life လက်တွေ့ဘ၀မှာကတော့ လို့ ဆိုလိုတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ တော့လည်း ချက်တင်လုပ်ရင်း လူချင်းအလှမ်းဝေးပေမယ့် အနားမှာ ထိုင်နေသလို ခံစားရတတ်ပါတယ်။

Thursday, August 22, 2013

Nothing နဲ့ဆိုင်သော အီဒီယံအသုံးများ ( VOA မြန်မာပိုင်းအစီအစဉ်မှ ထုတ်လွှင့်ချက် )


အသံဖိုင် 
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။
 ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweet nothings ဖြစ်ပါတယ်။ Sweet = ချိုတာ၊ ချစ်စရာ ကောင်းတာ၊ Nothings = ဘာမှမရှိခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်လေးနက်မှု မရှိတာ၊ အနှစ်သာရ မရှိတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Sweet Nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေလို့ ဆိုရမှာပါ။ Sweet nothing ရဲ့  အီဒီယံ အဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ပါယ်မရှိ၊ လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
 အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧ၀ရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရနေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီ မောင့်အတွက် တသက်ထင်တယ် ဆိုတာမျိုးလို၊ ချစ်သူကျအောင် အပြောကောင်း၊ ချွဲပြီး တွတ်တီးတွတ်တာ ပြောတဲ့ မူယာမာယာ အပြောမျိုး တွေကို Sweet Nothings လို့လည်း ရည်ညွှန်း ပြောလို့ ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေပေါ့။
 အမျိုးသားတဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ရဲ့  ဥပမာ တခုကို လေ့လာကြည့်ကြပါစို့။
 Sis, be careful of that guy, Peter, you have a date with tonight. I hear he’s expert at using sweet nothings to get his way with a girl. Later, she finds out that what they mean. Nothing!
ညီမလေးရေ - ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော် ကြားရတာကတော့ ဒီလူက အမျိုးသမီးတဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ ရည်ရွယ်ပြီး တခြား ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဆိုတာကို အဲဒီအမျိုးသမီး သိလာရတယ်။
 ဆက်ပြီး တင်ပြမယ့် အီဒီယံ အသုံးကတော့ here goes nothing ဖြစ်ပါတယ်။ Here = ဒီမှာ၊ Goes = သွားပြီ (here goes = ဒီမှာသွားပြီ)၊ Nothing = ဘာမှ မရှိတာ၊ ဘာမှ မဟုတ်တာ၊ အညတရ တဦးလို့ လုံးကောက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပါယ်အရ အညတရ တဦးတော့ သွားပြီဟေ့လို့ ဆိုရမှာပါ။ ဒီအသုံးကို မိမိက တခုခကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာ ကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းထားရင် အရှက်ပြေနှိမ့်ချ ပြောဆိုရာမှာ ဘန်းစကား အဖြစ် အသုံးပြုလေ့ရှိပါတယ်။
 ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင် မကြီးစေချင်ရင်၊ ရှုံးခဲ့သော် မျက်နှာ သိပ်မပူရ လေအောင် ကိုယ့် အရည်အချင်း အကြောင်းကို အရှိကို အရှိအတိုင်း စကားပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ကိုပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ ပြောလေ့ရှိပါတယ်။
 ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့။ ကျနော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။ သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူ အိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့သူငယ်ချင်းတွေကို ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။
 Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else, even at the dentist.
 jack ရေ။ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့ နောင်တရမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာကလွဲလို့ ဘယ်နေရာ ရောက်ရောက်ရောက်ပါစေ။ ကုန်ကုန်ပြောရရင် သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်။
 နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက Nothing doing ဖြစ်ပါတယ်။ Nothing = ဘာမှမဟုတ်တာ၊ Doing = လုပ်နေတယ်ဆိုတော့ စကားပိုဒ် တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘာမှလုပ်လို့မရတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လေးလေးနက်နက် အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပါယ်ဆောင် ပါတယ်။ ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ရပါတယ်။
 No, I won’t do it and I mean it.
 “မလုပ်ဘူးဗျာ။ ကျုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာ” ဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။
 အခုတင်ပြပေးမယ့် ဥပမာက သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းဆိုတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
 I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you? You can’t drive my car again until you learn to be a safe driver.
သားကိုပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။ ပြီးခဲ့တဲ့ အပတ်ကပဲ ကားယူ သုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ အကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား ကားမမောင်းတတ်မချင်း မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။
 တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် forget it လို့ ပြောရင်လည်း ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ်ရ ပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင် မထည့်လိုက်နဲ့ ဆိုတဲ့ သဘောပါ။ စောစောက ပြောခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way! နဲ့ Forget it! တို့လို သုံးမျိုးလုံးကို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါမှသာ သုံးပါလို့ အကြံပေးချင်ပါတယ်။

psd clothes for photoshop ဖိုတိုရှော့အတွက် အကျီင်္ဖိုင်အရှင်များရပြီ



ဖိုတိုရှော့သုံးသော သူငယ်ချင်းများ အတွက် မိန်းကလေး ယောင်္ကျားလေး ၀တ်စုံများကိုတင်ပေးလိုက်ပါတယ်
ပတ်စပို့ ပုံများလုပ်ရာတွင်ဌင်း၊ပုံများအလှဆင်တဲ့ အခါကျရင်ဌင်း အသုံးပြုလို့ ရပါတယ်။
ရှိတာလေးတွေမျှဝေသွားပါမယ်။အသုံးတည့်ရင်တော့ယူကြပါ။

<<Download From Zippyshare>>

<<Download From D-h-st>>






ယဉ်ကျေးစွာ ငြင်းဆိုခြင်း စကားပြော သင်ခန်းစာ


 အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ ( Myanmar Network )
သင့်ကို တစ်ယောက်ယောက်က အကြံဉာဏ်ပေးတဲ့အခါ၊ တစ်ခုခုကို ကမ်းလှမ်းတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ခု လုပ်ပေးဖို့တောင်းဆိုတဲ့အခါမှာ တစ်ခါတလေကျတော့ ငြင်းဆိုရတဲ့အခါမျိုးလည်းရှိပါတယ်။ No (ဟင့်အင်း) ဆိုပြီးပြောလိုက် တာကတော့ ယဉ်ကျေးမှုသိပ်မရှိတဲ့ ပုံစံပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ငြင်းဆိုဖို့အကြောင်းရှိလာရင် သူတစ်ပါး လက်ခံနိုင်ပြီး ယဉ်ကျေးစွာနဲ့ ငြင်းဆိုလို့ရမဲ့ စကားအသုံးအနှုန်းလေးတွေကို ဖော်ပြလိုက်ရပါတယ်။
  • Would you like to see a film tonight? (ဒီည ရုပ်ရှင်တစ်ကားကားကြည့်ချင်လား?)
    I’m afraid I can’t go out tonight. I’ve got a test tomorrow. (စိတ်မကောင်းပါဘူး။ ဒီညတော့ အပြင်မထွက်နိုင်ဘူး။ မနက်ဖြန်မှာ စာမေးပွဲရှိလို့။)
  • Why don’t we have some Chinese food? (တရုတ်အစားအစာ စားကြရင်ဘယ်လိုလဲ?)
    Sorry but I don’t particularly like Chinese food. (စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်က တရုတ်စာကို အထူးတလည် မနှစ်သက်လို့ပါ။)
  • How about taking a nice walk? (လမ်းလျှောက်သွားကြမယ်ဆိုရင် ဘယ်လိုလဲ?)
    I’d really rather not take a walk this afternoon. (ဒီနေ့လယ်တော့ ကျွန်တော် သိပ်လမ်းမလျှောက်ချင်သေးလို့ပါ။)
  • Would you like to come to the museum with us? (ကျွန်တော်တို့နဲ့ ပြတိုက်ကို လိုက်ခဲ့ပါလား?)
    Thank you, but it’s not my idea of a fun afternoon out. (ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေ နဲ့ နေ့လယ်နေ့ခင်းမှာ ဒီလိုသွားရတာကို မပျော်လို့ ပါ။)
  • Let’s go for a drive. (ကားလျောက်စီးရအောင်။)
    Sorry, but I’m not really fond of driving for the fun of it. (စိတ်မကောင်းပါဘူး။ဒါပေမဲ့ အပျော်သက်သက် ကားလျှောက်စီးရတာကို မကြိုက်လို့ပါ။)
  • Why don’t you stay the night? (ညအိပ်လိုက်ပါလား?)
    That’s very kind of you, but I really have to get back to the city. (ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မြို့ကို ပြန်မှ ဖြစ်မှာမို့ပါ။)
** ကမ်းလှမ်းချက် (offer) တစ်ခုခုကို မငြင်းပယ်ခင်၊ များသောအားဖြင့် ကျေးဇူးတင်ကြောင်း ပြောရတာကို သတိပြုပါ။ တစ်စုံတစ်ယောက်က ကမ်းလှမ်းချက်တစ်ခုခုကို ပေးလာတဲ့အခါ ထိုတစ်စုံတစ်ခုကို မလုပ်ချင်၊ မလုပ်နိုင်ကြောင်းကို အကြောင်းပြချက်ပေးပြီး မငြင်းပယ်ခင် - အရင်ဦးဆုံး၊ ကျေးဇူးတင်ကြောင်းပြောတာက ယဉ်ကျေး ကြောင်း ပြတာဖြစ်ပါတယ်။ “No” သက်သက် ဖြေတာက လွန်စွာမှပင် ရိုင်းပျတယ်လို့မှတ်ယူသွားနိုင်ပါတယ်။

ငြင်းပယ်ဖို့ ၀ါကျတွေတည်ဆောက်တဲ့အခါမှာ-

To မပါတဲ့ ကြိယာရဲ့ အခြေခံပုံစံကို
  • I’m afraid I can’t ……….. (စိတ်မကောင်းပေမဲ့ မ……………. နိုင်ပါဘူး။)
  • I’d (really) rather not …….. (………..ကို သိပ်ပြီးတော့ မ…………ချင်ပါဘူ။း)
    အစရှိတဲ့ ပုံစံတွေမှာ အသုံးပြုရပါတယ်။

“Have to do” ကို to မပါတဲ့ ကြိယာရဲ့ အခြေခံပုံစံနဲ့တွဲတဲ့ ပုံစံကိုတော့
  • Thank you (thank you forsaking, thank you very much, etc) but, I have to……… (ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်……………….ကို လုပ်ဖို့ရှိနေလို့ပါ) - ဆိုတဲ့ ၀ါကျပုံစံမှာ သုံးပါတယ်။
  • It’s not my idea of…………. ရဲ့နောက် က တော့ noun တွဲရပါမယ်။

ကြိယာရဲ့ ဖြစ်ဆဲကာလပုံစံ (V-ing)ကိုတော့
  • I don’t particularly like………. (……………. ကိုတော့ ကျွန်တော် အထူးတလည် မကြိုက်လို့ပါ။)
  • I’m not (really) fond of …….. (………………ကို ကျွန်တော် မနှစ်သက်လို့ပါ။) - ဆိုတဲ့ ၀ါကျမျိုးမှာ အသုံးပြုပါတယ်။

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ