Monday, September 2, 2013

ISO ဖိုင်ကနေ Boot တက်နည်း။


သင့်မှာ ၀င်းဒိုးအခွေ မရှိရင် 
တစ်ခုတော့ဆောင်ထားသင့်ပါတယ်။အဲဒီအတွက် သင့်ကွန်ပြူတာ Boot မတက်တော့ တဲ့ အချိန်တွေမှာ 
 ,system restore , safe mode ,system image recovery စတဲ့ troubleshoot လုပ်နိုင်တဲ့ tools တွေကို အသုံးပြုနိုင်မှာပါ။ Recovery Drive or Recovery Disc လုပ်ဖို့  External Drive or USB Stick or CD/DVD စတာတွေကို မသုံးချင်ဘူးဆိုရင် ISO ဖိုင်ကနေပဲ Boot တက်နိုင်ပါတယ်။ ISO ဖိုင်ကနေ Boot တက်ပြီးဝင်းဒိုးတင်လို့ ရမှာတော့ မဟုတ်ပါဘူး။အပေါ်မှာပြောခဲ့သလို troubleshoot လုပ်တဲ့ tools တွေကို ပဲသုံးနိုင်မှာပါ။

ဒီလို လုပ်ဖို့ အတွက် EasyBCD  Free Version ရှိရင်ရပါပြီ။

EasyBCD ကိုအင်စတောလုပ်ပြီးရင် Run ပါ။ Add New Entry ကိုနှိပ်ပြီး ISO tab ကိုနှိပ်ပါ။ Name မှာ အသုံးပြုမယ့် Windows ISO နာမည်ကိုရေးပါ။Path မှာ Windows ISO ဖိုင်ကိုရွေးပေးပါ။ Mode မှာ Run from Disk ကိုရွေးပေးပါ။Add Entry ကိုနှိပ်ပါ။




ဒါဆိုရင် Boot Menu မှာ Windows Blue ISO ဆိုပြီး Entry တစ်ခုတိုးလာမှာဖြစ်ပြီး ၀င်းဒိုး Boot မတက်တော့ရင် Troubleshoot လုပ်လို့ ရပါပြီ။တစ်ခြား ISO ဖိုင်တွေ၊Backup Image တွေ ကနေ Boot တက်ဖို့ လည်း ဒီနည်းကိုသုံးနိုင်ပါတယ်။ ISO ဖိုင်တွေကို System Drive မှာ မထားဖို့ တော့ အကြံပေးထားပါတယ်။







No comments:

Post a Comment

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ