Friday, June 21, 2013
မယား ( ၇ ) မျိုး၊ လင် ( ၈ ) မျိုး
မယား ( ၇ ) မျိုး
မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊ သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊ အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊ နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊ တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။
လင် ( ၈ ) မျိုး ၊
လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊ - လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊ - မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊ - အနာဒရ ၊ ပြုတတ်စွာရှင့် ။ ( မဃဒေ၀ / ၂၉၇ )
Subscribe to:
Post Comments (Atom)
Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ
-
(၁) ဂျုးလူမျိုးတို့ရဲ့ သူတော်ကောင်းတရား (၇)ချက်---- (i) သူတပါးပိုင်နက် မကျူးလွန်နဲ့ (သူတပါးရဲ့အိမ်ရှေ့မှာ ကိုယ့်အာဏာကိုမပြနဲ့) (ii) သူ...
-
DVD/Blu-ray Disc Player တခုဖြစ်သလို HD,3D.HQ ဗီဒီယို၊ရုပ်ရှင်များကို BD-R, BD-RE, DVD-R, DVD-RW, DVD+R, DVD+RW, and DVD+R DL, DVD...
No comments:
Post a Comment