Tuesday, March 15, 2016

Huawei Unlock Bootloader လုပ်နည်း

 

Huawei Unlock Bootloader လုပ်နည်း လေးကိုတောင်းတဲ့ အကိုတွေရှိလို့
တင်ပေးလိုက်ပါတယ်.....။ သိပြီးသားလူတွေကတော့ လိုအပ်တာများကိုယူပြီး
ကျော်သွားပေါ့နော်.....။
အောက်ကဖုန်းအမျိုးအစားတွေကတော့ Bootloader Unlock လုပ်ရမယ့်
 ဖုန်းအမျိုးအစားတွေပါ...။

  1. HUAWEI C8812
  2. HUAWEI C8812E
  3. HUAWEI C8813
  4. HUAWEI C8813D
  5. HUAWEI C8813Q
  6. HUAWEI C8825D
  7. HUAWEI C8815
  8. HUAWEI C8816
  9. HUAWEI C8816D
  10. HUAWEI C8950D
  11. HUAWEI G510-0010
  12. HUAWEI G520-0000
  13. HUAWEI U8825D
  14. HUAWEI Y300-0000
  15. HUAWEI Y300C
  16. HUAWEI G510-0200
  17. HUAWEI U8815
  18. HUAWEI U8815N
  19. HUAWEI U8825-1
  20. HUAWEI Y300-0100
  21. HUAWEI Y300-0151
  22. HUAWEI G525-U00
  23. HUAWEI P6 S-U06
  24. HUAWEI G730-C00
  25. HUAWEI MT2-C00
  26. HUAWEI B199
  27. HUAWEI G6-T00
  28. HUAWEI G6-C00
  29. HUAWEI G6-U00
  30. HUAWEI G750-T01
  31. HUAWEI G630-T00



Huawei မှာ Bootloader Unlock လုပ်တယ်ဆိုတာ.... တစ်ချို့လူတွေက
မြန်မာဖောင့်ထည့်ချင်လို့ တစ်ချို့လူတွေကလည်း bootloader unlock လုပ်ပြီး Root ဖောက်
ပြီးမှ တစ်ချို့ Crack Game တွေကို ကစားလို့ ရတာတွေရှိပါတယ်။ bootloader unlock လုပ်
ထားတဲ့အတွက် firmware သေသွားရင်လည်း လွယ်လွယ်ကူကူ ရေးလို့ရပါတယ်။ firmware
သေသွားတယ် ဆိုတာကတော့ Huawei Logo မှာဘဲ လည်နေတာကို ပြောတာပါ။
အများစုက Bootloader unlock
လုပ်တယ်ဆိုတာကတော့ မြန်မာဖောင့်ထည့်ဖို့အတွက် လုပ်ကြတာ များပါတယ်။ဘာကြောင့်လဲဆို
တော့ Bootloader unlock လုပ်မှ Root ဖောက်လို့ရမှာပါ။ One Click (or) Vroot ကလည်း
မတိုးဘူး ဖြစ်နေတာ။ ပထမဦးဆုံး ဒီနေရာမှာ Code သွားတောင်းပေးပါ။ Code တောင်းတဲ့အချိန်မှာလည်း လိုင်းကောင်းဖို့လိုပါတယ်။
အောက်ကပုံတိုင်းဆက်ကြည့်ပါ....။
အရင်ဦးဆုံးဒီနေရာကိုရောက်သွားပါမယ်...


ပြီးရင်ဒီနေရာကိုရောက်သွားပါမယ်..



 Code ရလာပြီးပြီဆိုရင် အောက်မှာ Adb.Rar လေးကိုဒေါင်းလိုက်ပါ.....။

DOWNLOAD

Rar ဖိုင်ကိုဖြေလိုက်ရင် Adb ဖိုင်ရယ် Adb Devices ဖိုင်ရယ်ဆိုပြီး ၂ဖိုင်ပါလာပါမယ်..။
မိမိစက်ထဲကို Adb Devices သွင်းပေးလိုက်ပါ....။ Adb ဖိုင်ကိုတော့ Desktop ပေါ်တင်
လိုက်ပါ....။ ပြီးပြီးဆိုရင် ဖုန်းထဲက Usb debuging on ထားရမယ် unknown source အမှန်ခြစ်ထားရမယ်။
ဖုန်းနဲ့ကွန်ပြုတာနဲ့ ချိတ်လိုပါ။ ဖုန်းနဲ့ကွန်ပြုတာနဲ့ ချိတ်တဲ့ အချိန်မှာ ကွန်ပျူတာနဲ့စိမ်းနေတဲ့
အချို့ဖုန်းတွေမှာဆို ဘောက်လေးတစ်ခုကျလာပါလိမ့်မည်။ အမှန်ခြစ်လေး ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။
Desktop ပေါ်မှာ ဖြည့်ချထားတဲ့ adb ဖိုင်ကို ဖွင့်လိုက်ပါ။ပြီးပြီးဆိုရင် အဲဒီဖိုင်ထဲမှာဘဲ
ကွန်ပြုတာက Shift key + Right click တွဲနှိပ်ပါ။ ပေါ်လာတဲ့ အထဲက Opend commend window
here ကိုရွေးပါ။ cmd box လေးကျလာပါလိမ့်မည်။

အဲထဲမှာ.......။
၁။ ။ adb devices ကိုရိုက်ပါ။ ဖုန်းကို ကွန်ပြူတာကသိရင် attach ဖြစ်တယ်လို့ပေါ်လာလိမ့်မယ်

၂။ ။ adb reboot bootloader ကိုရိုက်ပါ။ fastboot mode ကိုရောက်သွားမယ်

၃။ ။ fastboot devices ကိုရိုက်ပါ ဖုန်း fastboot mode မှရှိနေရင် ဖုန်းကို attach ဖြစ်နေပါမယ်

၎။ ။ fastboot oem get-bootinfo ကိုရိုက်ပြီး unlock လား lock စစ်ပါ unlock ဆိုရင်တော့

 ဘာမှဆက်လုပ်စရာမလိုဘူး။

lock ဆိုရင်တော့ အောက်က command ကိုဆက်ရိုက်ပါ။

၅။ ။ fastboot oem unlock xxxxxxxxxxxxxxxx (xxxx နေရာမှevices
 ခုနာက ရတဲ့ unlock code
ကိုထည့်နော်)ok ဖြစ်သွားပြီဆိုရင် ရပါပြီး သေချာအောင် ထပ်စစ်ကြည့်ရအောင်...

၆။ ။ fastboot oem get-bootinfo လို့ရိုက်ပြီးစစ်ရင် unlock လို့ပေါ်နေလိမ့်မယ် ဒါဆိုရင် ရပြီ

၇။ ။ fastboot reboot လို့ရိုက်ပါ။ ဖုန်းပြန်ပွင့်လာလိမ့်မယ်။

ဒီ unlock bootloader က factory reset မလုပ်ဘူး ဘာမှ မပျက်ဘူးပေါ့ မသေချာမှာစိုးရင် backup
လုပ်ထားပေါ့ဗျာ..

ဖုန်းပြန်တက်လာရင် iroot နဲ့ကစ်လိုက်တော့ ဒါမှ မဟုတ် ကိုယ်အဆင်ပြေတဲ့ ကောင်နဲ့သာ
ကစ်လိုက် root ပေါက်သွားလိုက်မယ်။

"အားလုံးအဆင်ပြေပါစေ"

Thursday, June 18, 2015

အထွတ်အထိပ်သို့သွားနည်း


၁။ စိရကာလ ဘာဝနာ
   (ကြာမြင့်စွာ အလုပ်လုပ်တယ်)
၂။ နိရန္တရ ဘာဝနာ
    (မရပ်မနား အလုပ်လုပ်တယ်)
၃။ နိရဝသေသ ဘာဝနာ
    ( အကြွင်းအကျန်မရှိ အလုပ်လုပ်တယ်)
၎။ သက္ကစ္စ ဘာဝနာ
   (ရိုရိုသေသေ လေးလေးစားစား အလုပ်လုပ်တယ်)
၅။ အဘိရတိ ဘာဝနာ
   ( ပျော်ပျော်ပါးပါး အလုပ်လုပ်တယ်)

                                    အရှင်ဥာဏိသာရ
 မယွင်းမှန်လှ၊ ဤလောကဉ်၊ လုံးလမထူ၊ နတ်မကူဘူး၊ လူလည်းလုံ့လ၊
 နတ်လည်းမ၏၊  မကြိုးမကုတ်၊ အားမထုတ်မူ၊ လူမလုံ့လ၊ နတ်မမတည်း။

STa****

Sunday, April 5, 2015

သင့်အလုပ်ထဲမှာမပျော်ရင်.ဒါလေးဖတ်ကြည့်ပါ...




စင်္ကာပူမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းတယောက်ဟာ.သူ့အလုပ်နဲ့ပတ်သက်ပြီးအမြဲညီးညူလေ့ရှိတတ်တယ်။.
အလုပ်ပါးတော့လဲပျင်းလိုက်တာတဲ့။.အလုပ်များတော့လဲပင်ပန်းလိုက်တာတဲ့။.အထက်ကအုပ်ချုပ်သူကလဲ.
သူ့ကိုအမြဲတမ်းအပြစ်ရှာလေ့ရှိတယ်စသဖြင့်ပေါ့။.အလုပ်သွားချင်စိတ်မရှိလို့.သူဟာနေမကောင်းဖြစ်တာ
မဟုတ်ပေမဲ့လဲ.မကြာခနဆေးခွင်(MCယူပြီးအလုပ်နားလေ့ရှိတယ်အမြဲညီးနေတဲ့သူငယ်ချင်းကို.
တနေ့မှာဖတ်ဖူးတဲ့ပုံပြင်လေးတခုကိုပြောပြပါတယ်။.ဒီပုံပြင်လေးကိုတချို့လဲကြားဖူးမှာပါ။.

ပုံပြင်လေးက.... လူတယောက်ဟာ.တနေ့မှာအဆောက်အအုံတခုဆောက်နေတဲ့လုပ်ငန်းခွင်ထဲရောက်သွားပါတယ်။.အဲဒီနေရာ
မှာကျောက်တုံးကြီးတွေကို.ဆောက်နေတဲ့အဆောက်အအုံရဲ့နံရံမှာသုံးဖို့ကျောက်တုံးသေးတွေရအောင်
(၁၀)ပေါင်တူကြီးတွေနဲ့ထုခွဲနေတဲ့.အလုပ်သမား၃ယောက်ကိုတွေ့တယ်။

ပထမလူကအလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူး။.တာဝန်ကျေပဲကျောက်တုံးကိုထုခွဲရင်း.အလုပ်ဆင်းအိမ်ပြန်ဖို့.
အချိန်ဘယ်လောက်ကျန်သလဲဆိုပြီး.အလုပ်ခွင်ကတိုင်ကပ်နာရီကိုမကြာခနကြည့်နေတယ်။.စောစောကလူက
.သူ့ကိုဘာလုပ်နေတာလဲလို့မေးကြည့်တယ်။.သူက"ဒီသောက်ကျောက်တုံးကြီးကို.ခွဲနေရတာပေါ့ဗျာ။.
ပိုက်ဆံရလို့သာလုပ်နေရတာ.အကျိုးလဲမရှိ.ပင်ပန်းလိုက်တာလဲလွန်ရောဗျာ။.တနေတနေ့အလုပ်ဆင်းမဲ့အချိန်
ပဲမျော်နေရတယ်ဗျို့"တဲ့။

ဒုတိယလူကတော.ကျောက်တုံးကြီးကို.ကြိုးစားပမ်းစားထုခွဲနေတယ်။.ဟိုလူက.သူကိုလဲဘာလုပ်နေတာလဲလို
့မေးပြန်တယ်။.သူက"ကျနော်ဒီကျောက်တုံးကြီးကနေ.ကျောက်တုံးအငယ်တွေဖြစ်အောင်လုပ်နေတာပါ။.
ခွဲလို့ရတဲ့ကျောက်တုံးတွေကို.အခုဆောက်နေတဲ့အဆောက်အအုံနံရံမှာ.သုံးဖို့ပေါ့ဗျာ"တဲ့။

တတိယလူကျတော့.ကျောက်တုံးကြီးကိုခွဲလိုက်တယ်။.ရလာတဲ့.ကျောက်တုံးလေးတွေကို.သေသေချာချာ
ကြည့်တယ်။.သူလိုချင်တဲ့အရွယ်ရအောင်.ကြိုးစားပန်းစားထပ်ခွဲနေတယ်။.လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင်.
အဲဒါလေးတွေကြည့်ပြီး.သူဟာဝမ်းသာကြည်နူးနေတယ်။.စောစောကလူက.ထုံးစံအတိုင်းသူ့ကိုလဲ.
ဘာလုပ်နေတာလဲမေးတော့.သူကခုလိုပြန်ဖြေတယ်။

"ကျနော်.ကမ္ဘာပေါ်မှာအလှဆုံးဟိုတယ်ကြီးတခုဆောက်နေတာဗျ"တဲ့။

အလုပ်တမျိုးထဲအတူတူလုပ်ကြတဲ့အလုပ်သမား၃ယောက်ဟာ.အလုပ်ပေါ်ခံယူချက်စိတ်ဓါတ်(attitude)ကျတော့မတူကြပြန်ဘူး။
ပထမလူဟာ.သူ့အတွက်အလုပ်သာလုပ်နေရတာ.စိတ်မပါဘူး။.သူ့စိတ်ထဲမှာအချိန်ဖြုန်းနေတယ်။.
ငရဲကျနေတယ်လို့ထင်နေတယ်။.စိတ်မပါဘူး။.မတတ်သာလိုသာ.ဒီအလုပ်ကိုလုပ်နေရတာဆိုပြီး.
စိတ်ဆင်းရဲနေတာပေါ့။

ဒုတိယလူကတော့.အလုပ်ကိုကြိုးစားပမ်းစားလုပ်ပါတယ်။.တနေ့အလုပ်တနေ့ပြီးအောင်.
တာဝန်ကျေပွန်အောင်လုပ်တယ်။.ဒါပေမဲ့.သူမှာအနာဂတ်အတွက်.ဘာမျော်မှန်းချက်မှမရှိဘူး။
.စက်ရုပ်တခုလိုပါပဲ။

တတိယလူကျတော့.စောစောကလူ၂ယောက်လိုမဟုတ်ဖူး။.သူ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်တယ်။
.အလုပ်ကိုကောင်းတာထက်ပိုကောင်းအောင်.အမြဲကြိုးစားနေတယ်။.သူလုပ်လိုက်တဲ့ကျောက်
တုံးလေးတွေကြောင့်.မကြာခင်မှာ.ကမ္ဘာပေါ်မှာအလှပဆုံးဟိုတယ်ကြီးပေါ်ပေါက်လာမယ်လို့ယုံကြည်နေတယ်။.သူဟာ.အနာဂတ်ကိုတွေးမြင်ကြည့်တတ်သူပါ။.ဒါကြောင့်သူဟာအလုပ်ခွင်ထဲမှာ.အမြဲတမ်းစိတ်ဓါတ်တက်ကြွလန်းဆန်းနေတယ်။
လူတိုင်းဟာ.အသက်ရှင်နေသရွေ့.မိမိနဲ့မိသားစုအတွက်.အလုပ်လုပ်နေကြရမှာပါ။

.ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ်.ဝန်ထမ်းဘဝနဲ့ဖြစ်ဖြစ်.အလုပ်တခုတော့လုပ်ကိုလုပ်နေကြရမှာပါ။.အဲဒီတော့.
ကိုယ့်အလုပ်အပေါ်ခံယူထားတဲ့attitudeဟာ.စောစောကပြောတဲ့အလုပ်သမား၃ယောက်ထဲက.
ဘယ်နဲ့တူနေသလဲဆိုတာ.ကိုယ်တိုင်ပဲအသိဆုံးပါ။

မိမိလုပ်နေတဲ့အလုပ်ထဲမှာမပျော်နေဘူးဆိုရင်.အလုပ်ထွက်လိုက်ပြီးပျော်မဲ့အလုပ်သစ်ရှာလိုက်ပါ။.
အဲလိုမှလုပ်လို့မရဘူးဆိုရင်.တတိယလူလိုအလုပ်အပေါ်မှာထားတဲ့ခံယူချက်သဘောထား(attitude)
ကိုပြောင်းလဲလိုက်ပါ။.မိမိလက်ရှိအလုပ်ကို.စိတ်ဝင်းစားလာအောင်.ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။.
အလုပ်တွေများများနဲ့မြန်မြန်ပြီအောင်.ဘယ်လိုလုပ်ရမလဲ။.ငါ့အလုပ်ကြောင့်.ကုမ္ပဏီမှာ.
ဘာအကျိုးရှိသွားမလဲစတာတွေပေါ့။တခုသိစေချင်တာက.အလုပ်ထဲမပျော်တဲ့လူဟာ.
အိမ်ထောင်ရေးအဆင်မပြေတတ်ဘူး။.အလုပ်ထဲကစိတ်မချမ်းသာမှုဟာ.အိမ်ထဲကူးစက်တတ်တာကိုး။
.စိတ်မချမ်းသာတဲ့လူဟာ.အသက်လဲတိုတတ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thein Pe

Tuesday, March 17, 2015

သိမ်းငှက်ပုံပြင် ***************




သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက်
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(48)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်
ချက်တစ်ခုကိုချကြရပါတယ်။

သူ့အသက် (48) နှစ်
ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်
စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို
ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ
သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
မြတ်ပါလိမ့်မယ်။

ဒါကြောင့်အလွန်မြင့်တဲ့တောင်
တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား
နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
ပါးကြာပါတယ်။

ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု
ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ
ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
ပါပဲ ။

ဒီတော့မှသူဟာပျန်သန်းနိုင်ပြီး နောက်ထပ်
နှစ်ပေါင်း(30)အကြာ အသက် (78)နှစ်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း
လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ သိမ်းငှက်
တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ
အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်
ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
မလုပ်နိုင်ကြဘူးလား? သိမ်းငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့
က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်
လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင်
ပါတယ်။

credit>>>>Luu Phyu
                                ချစ်ခြင်းမေတ္တာ ဖြုစင်စွာ ချစ်ခင်နိုင်ပါစေ..S Ta

Friday, October 31, 2014

AutoPlay Menu Builder v7.2 Builder

           



မင်္ဂလာပါဗျာ ဒီနေ့တော့ ဘော်ဘော်တို့အတွက် auto play menu
တင်ပေးလိုက်ပါတယ် ဒီကောင်လေးကတော့ ခွေလုပ်တဲ့သူတွေက
သိကြမှာပါနော် သိပြီးသားသူတွေကတော့ ကျော်သွားလိုက်ပါနော်
ဘော်ဒါတိုရဲ့ CD/DVD တွေ ထဲမှာ Auto play menu လှလှလေးတွေကို
 လုပ်ပေးနိုင်တဲ့ Auto play menu builder လေးပါဗျာ နောက်ပြီးတော့
ဒီကောင်လေးက ဘော်ဒါတိုရဲ့ Video တွေ Program Files တွေ ဖွင့်နိုင်ပြီး website
url တွေမှာလည်း menu အလှဖြင့် ထည့် သွင်း အသုံးပြုနိုင်ပါတယ် menu အတွက်
template ကတော့ စဉ်းစားစရာတောင်မလိုပါဘူး သူမှာပါ ပါတယ် ပိုလှအောင်လုပ်ချင်
ရင်တော့ ကိုယ်တိုင် template ဆွဲပေါ့ဗျာ နောက်ထက်လုပ်စရာကတော့
slide show ,text/graphic ,background music စတာတွေပါ လုပ်လိုရပါတယ်နော်
လိုချင်ရင်အောက်မှာယူသွားလိုက်နော် *****



Download Here Fri..@  





                           ပျော်ရွှင်ပါစေ ... 


ယောက္ခမကို တိုက်တဲ့ဆေး


 

အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။
တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဥာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါ တယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါသတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန် စွာ ပြောဆိုဆက်ဆံ ပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေး တတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ် လာပြီး အတ္တတွေ နည်းလို့ အဆင်ပြေလာကြ ပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်း များ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာ အဆင်ပြေ နေပါပြီ။
ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
"ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ"
သင်ခန်းစာ -
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင်ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် "လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန်လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရပါမည်"။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။ 

               


                   ပျော်ရွှင်ပါစေ....







 
အောင်ခမ်း (ရိုးရာလေး)





 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ