Tuesday, October 29, 2013

Multiple Bootable Operating Systems တွေကို USB Stick တစ်ခုထဲမှာ အင်စတောလုပ်မယ်

 
1

USB Stick ကနေ windows အင်စတောလုပ်နည်း ကို ရေးပေးဖူးပါတယ်။အဲဒီလို လုပ်ဖို့ အတွက် microsoft ရဲ့  windows 7 usb/dvd download tool ကို အသုံးပြုပါတယ်။Windows 7 usb/dvd download tool က operating system တစ်ခု တည်းကို ပဲ usb stick မှာ အင်စတောလုပ်ပေးနိုင်ပါတယ်။Operating systems အများအပြားကို usb stick မှာ အင်စတောလုပ်ချင်ရင်တော့ အောက် မှာ ဆက်ဖတ်ပါ။USB stick ကနေ windows os ဒါမှမဟုတ်တစ်ခြား os တွေကို အင်စတောလုပ်ဖို့  iso ဖိုင်ကို အသုံးပြုရပါတယ်။ISO ဖိုင်ဆို တာ disk image file အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အင်တာနက်ကနေ windows os တွေ ဒေါင်းလုပ်ရရှိရင် iso ဖိုင်အနေနဲ့ ရရှိပါတယ်။တကယ်လို့ သင်ဟာ ဆိုင်က windows os အခွေကို ၀ယ်ယူထားတယ်ဆိုရင် PowerISO  လို မျိုး ဆော့ဝဲသုံးပြီး ၀င်းဒိုး အခွေကနေ iso ဖိုင် ပြုလုပ်နိုင်ပါတယ်။

Windows os တစ်ခု ကို usb stick မှာ အင်စတောလုပ်ဖို့  usb ရဲ့  storage ဟာ 4 gb လောက်နေရာရှိရပါမယ်။Windows os အများအပြားကို usb stick မှာ အင်စတောလုပ်ဖို့  usb stick ရဲ့  storage က လုံလောက်တဲ့ အနေအထားမှာ ရှိရပါမယ်။ကျွန်တော့်မှာ 4gb ပဲဆန့် တဲ့ usb stick ပဲရှိတဲ့အတွက် ဒီဆောင်းပါးမှာတော့ windows os တွေကို အင်စတောမလုပ်ဘဲ kaspersky rescue disk iso, bitdefender rescue cd iso စတာတွေကို သုံးပြီးစမ်းသပ်ပါတယ်။ဆိုလို ချင်တာက windows os iso တွေ တစ်ခြား os iso တွေကို သုံးနိုင်ပါတယ်။


                                  MultiBootUSB 
Portable freeware တစ်ခု ဖြစ်ပါတယ်။Application ကို run ပြီးရင် Step 1 မှာ usb stick ကို ရွေးပေးပါ။Step 2 မှာတော့ iso ဖိုင်ကို ရွေးပေးပါ။ပြီးရင် Create ကို နှိပ်ပါ။


ashampoo 03


ashampoo 01ashampoo 04
ပြီးသွားရင် တော့ အပေါ်ကအဆင့်အတိုင်းပဲနောက်ထပ် os တစ်ခု usb stick မှာ အင်စတောလုပ်ပါ။USB stick နဲ့ ဆန့် သလောက် os တွေ အင်စတောလုပ်နိုင်ပါတယ်။အားလုံးပြီးသွားရင် QEMU ကို နှိပ်ပါ။QEMU က machine emulator and virtualizer ဖြစ်ပြီး သင့် usb stick မှာ အင်စတာလုပ်ထားတဲ့ os တွေ တကယ်အလုပ် လုပ်မလုပ်စမ်းသပ်နိုင်ပါတယ်။Usb stick ကို စမ်းသပ်ဖို့  အတွက် Boot USB ကို နှိပ်ပါ။ကျွန်တော့်စမ်းသပ်ချက်မှာတော့ ဒီ feature ကကောင်းကောင်းအလုပ်မလုပ်ပါဘူး။အဲဒီအတွက် windows ကို restart ချပြီး boot menu မှာ usb stick ကနေ boot တက်ပြီးစမ်းသပ်ကြည့်တော့အဆင်ပြေတာတွေ့ ရပါတယ်

No comments:

Post a Comment

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ