Sunday, June 2, 2013

pc မှာWindows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

pc မှာWindows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်





သိရှိပြီးသားသူတွေအတွက်ပါဝူးနော်...မသိရှိသေးသောသူများအတွက်ပါ

Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

    
   Windows 7 On /Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …အားလုံးအဆင်ပြေအောင်လို့
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်
၁။       Run Box (windows + R) ကိုဖွင့်ပါ။
၂။       Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။

 
၃။       ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။


၎။       ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။       တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)

 

၆။       Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)

 
၇။       Apply – Ok လုပ်ပါ။




၈။       ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ် 
စိတ်ဝင်စားဖွဲ ပြုလုပ်ပါသူငယ်ချင်း 

No comments:

Post a Comment

 Sou Matome N3 Grammar Myanmar translation ဒီမှာယူပါ